My First Lady
Epi-10
"ထွက်သွား!"
"မင်းက ဒီလို မိန်းကလေး မျိုးလား?"
သူ့စကားသံတို့က သူ့ခေါင်းထဲ မကောင်းဆိုးဝါး အော်သံအလား ပဲ့တင် ထပ်နေသည်။
အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။
Yeol, Baek ထွက်သွားပြီးထဲက စာကြည့်စားပွဲ တွင် အရုပ်ကြိုးပြတ် ထိုင်ကာ တွေးနေမိသည်။
သူမ ကို အော်လိုက်မိပြီ…………
သူမကို…… သူ ချစ်ရသော…… သူ ကာကွယ်စောင့်ရှောက်ပေးချင်သောသူမ ကို……
ငါဘာ တွေ လုပ်မိလိုက်တာလဲ???
ခုတလော သူမူပျက်နေတာကို သူမ အတတ်နိုင်ဆုံး ဘာမှ မမေးဘဲ ဘေးနားမှာ ရှိပေးခဲ့သည်။ သူ့ကို အချိန်ပေးပါ ယုံကြည်ပေးပါ ဟုဆိုတုန်းကလဲ သူမ ပြောခဲ့သော ယုံကြည်တယ် ဆိုတဲ့စကား… သူမ မျက်ဝန်း… သူမ စိတ်ရင်းကို မသိနိုင် သည်အထိ Yeol မ,အ ခဲ့ပါ။ သို့သော်……
ဟို Blackmail ကို ဖတ်ပြီး စိုးရိမ်ကြောက် ရွံ့နေသော သူမ မျက်ဝန်း တွေကို မြင်လိုက်သော ခဏ မှာ Yeol ဒေါသ တွေ ထွက်လာမိသည်။
သူမ ကို ဒီလို စိုးရိမ်မှု တွေ မပေးချင်လို့… သမ ပျော်ရွှင်နေတာပဲ မြင်ချငိလို့… အဆုံးစွန်ထိ ကာကွယ်ပေးချင်လို့ သူမပြောဘဲ လျို့ ဝှကိထားတာကို သူမ သိသွားပြီ ဆိုတဲ့ အသိက သူ့ကို ဒေါသ ဖြစ်စေသည်။
ထိုဒေါသ ၏ ဦးတည်ရာ သည် သူကိုယ်တိုင် သို့ ဖြစိသော်လဲ Yeol သူမ ကို လွှဲချ ခဲ့မိသည်……
သူမ က မြင်ခွင့် မပေးသော်လဲ ခေါင်းငုံ့ထားသော သူမ ပါးပြင် ပေါ် မှ မျက်ရည်စ များ… ခံပြင်း၍ လက်သီးလေး ဆုပ်ထားသော်လဲ သူ့အတွက် သူမ ပြောပေးခဲ့သော တောင်းပန်စကား……
ကျွန်တော် မှားသွားပြီ……
မှား သွား ခဲ့ ပြီ………
ခုဆို သူမ…… အရမ်း …… ငို နေလောက်ပြီပေါ့……
'တောင်းပန်ပါတယ်' ဒီစကား ၄ လုံး ထဲနဲ့ သူမ ကို ကျွန်တော် ဖြေသိမ့် နိုင်ပါ့မလား??