Part-6

13.9K 960 34
                                    

My First Lady

Epi-6

တိတ်ဆိတ်သောညကို မိုးခြိန်းသံတို့က ဖြိုခွဲလိုက်သည်။ မကြာပါ။ မိုးစက်မိုးပေါက် တို့က ကမ္ဘာ မြေပြင်ပေါ်ကျရောက် လာသည်။

Baek ၏စိတ်အစဉ်တို့ကလဲ လွန်ခဲ့သော ၁၅ နှစ်က မိုးသည်းသောည လေးတစ်ညသို့…

ထိုညက Omma ဗိုက်အရမ်း အောင့်နေသည်။ နဂိုထဲက အစာအိမ်ရောဂါ ရှိ၍ အောင့်တတ်သော်လဲ ဒီနေ့လို ညည်းညူ နေရအောင်တော့ မဟုတ်။ Baek appa ပြန်မလာသေးသဖြင့် Baek တစ်ယောက်ပဲ အိမ်မှာရှိ၍ Baek ကိုစိတ် မပူ စေချင်သောကြောင့် သက်သာဟန်ဆောင် နေသော်လဲ Omma မျက်နှာ မှ ချွေးစေး များက နာကျင်မှုကိ ထင်ပေါ်စေသည်။ ည ၈နာရီ ထဲက နာနေတာကို ၁၀ နာရီထိ appa ပြန်မလာသေး တော့မှ Baek အဒေါ် Omma ညီမ ကိုဖုန်းဆက်ပြီး ဆေးရုံရောကိ ချိန်တွင် အချိန်နှောင်းလေပြီ… အစာအိမ်အနာကြောင့် Shock ဖြစ်သွား၍ မမီတော့တဲ့။

ဆေးရုံအပြငိ တွင် သည်းနေသော မိုးစက် များနှင့် အပြိုင်ကျဆင်းနေသော Baek မျကိရည်များ… ဘယ်လောက်ခေါ်ခေါ် မထူးတော့သော Omma ကိုသာ ဆက်တိုက် လက်လေးကို လှုပ်ကာ လှုပ်ကာ် ခေါ်နေမိသည်။

"Omma…Omma… Baek ကိုမထားခဲ့ပါနဲ့ Omma…"

ပြီးနောကိ Baek သိလိုက်သည်မှာ ချမ်းသည်။ Baek အရမ်းချမ်းသည်။ Baek လက်လေးများလဲ ချွေးစေးများပြန်နေပြီး တစ်ကိုယိလုံးလဲ ချွေးများ ရွှဲနေသလို…

သို့သော် ထိုခံစားမှုများ အပြင် Baekဘာမှ မသိတော့……

-----

Yeol အိပ်နေရာမှ မိုးရွာ၍ နိုးလာသည်။ မိုးရွာ ခဲ၍ အိပ်ခန်းပြတင်းပေါက် ဖွင့်ထားတတ်သည်ကို သတိရ၍ ပြတင်းပေါက် ပိတ်ရန် သူမအခန်း ထဲဝင်လာတော့…

"Omma… Omma… Baek"

သူမဆီမှ တိုးတိုးသဲ့သဲ့ ညည်းသံကြားလိုက် ရသည်။ အစက တော့ အိပ်မက် ယောင်နေသည်ဟု ထင်လိုက်သည်။ စောင် က ကိုယ်နှငိ့ နည်းနည်း ကွာနေ၍ စောင်ခြုံ ပေးရန် အနားကပ်သွားတော့မှ သူမ နဖူးပေါ်မှာ ချွေးစေးလေးများ… Yeol မသင်္ကာ ၍ နဖူးကို လက်နဲ့စမ်းကြည့် လိုက်တော့…… "အား_ပူလိုကိတာ!"

My First LadyWhere stories live. Discover now