My First Lady
Epi-4
ရွေးချယ်ပွဲ အပြီးတစ်ပတ် အကြာတွင် မင်္ဂလာပွဲ......
ရိုးရိုးတစ်ခါ နန်းတွင်းလိုတစ်ခါ ၂ခါဆောင်ပြီး
Dinner ကို အိမ်နီးချင်း နိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ကြားသည့်အတွက် Baek ရောYeol ရော ပွဲအတွကိ ပြင်ဆင် နေရသည်နှင့် စကားပြောချိန်တောင် မရှိကြ။ အားလုံးက ပြင်ဆင် ပေးမဲ့သူ ရှိသော်လဲ အဓိက ဇာတ်ဆောင် ကတော့ အမြဲသူတို့ နှစ်ယောက် ပဲမို့Photoshoot သွားလိုက် နန်းတွင်းပွဲ အတွက် ရိုးရာဓလေ့ များကို သင်လိုက်၊ Reherseal လုပ်လိုက်နှင့် နားချိန်လဲ မရှိ။ Yeol တက်သည့်ပွဲတိုင်း baek က ဇနီးလောင်းအဖြစ် မျက်နှာပြရသည်လေ။ Baek သိချင်သော အဖြေကို သူ press.Con မှာဖြေခဲ့ပါသည်။
Baek ၏စိတ်ဓာတ်က်ု ကြိုက်လို့ပါတဲ့ စစတွေ့ချင်းထဲက သူမ စိတ်ဓာတ်လေးက သူ့ကို ဆွဲဆောင် နိုင်ခဲ့သည် တဲ့လေ... တွေးရင်း တောင် ကြက်သီး ထသည်။
Baek က တော့ ထိုအဖြေကို မယုံနိုင်ခဲ့ပါ။
Baek ဒီလို သူနှင့်အတူ အရမ်း အလုပ်တွေ ရှုပ်ပြီး ပင်ပန်း နေလျှင် တစ်ခါတစ်ခါ တွေးမိသည်။ ချက်ချင်းပင် သူ့ကို ငြင်းပြီး ထွက်ပြေးရမလား ပေါ့။ ဒါပေမဲ့ ထူးဆန်းစွာပင် သူ့မျက်နှာ မြင်လျှင် Baek ထို စကားများ ပြောမထွက်တော့။ တစ်ခါတစ်လေ တော့လဲ Baek ပဲစိတ်ထင် ၍လားမသိ။သူ တကယ် Baek ကိုလိုအပ်သည်ဟု ခံစားရသည်။
ထိုသို့ထိုသို့ဖြင့်ပင် မင်္ဂလာပွဲကြီး ပြီးဆုံးသွားပြီ။ Honeymoon က တော့သူ့အလုပ်ကြောင့် ချက်ချင်း မသွားနိုင်။ နောက် မှ အပန်းဖြေ ခရီး ထွက်ကြ မည်ဟုတော့ ပြောသည်။ Baek လဲ အဲ့လောက် မျှော်လင့်မထားတော့ သူပြောတာကို မငြင်းမိပါ။
မင်္ဂလာဦးည>>>
Baek အိမ်ပြာတော် မှသူတို့ အိပ်ခန်းထဲတွင် ထိုင်နေမိသည်။
President အိပ်ခန်း ကို မင်္ဂလာဦး ခန်း နှင့်ကိုက်ညီအောင် ပြင်ဆင်ထားသည်။
တော်ဝင်ဆန်ဆန် ရွှေအိုရောင် လိုက်ကာ ခန်းဆီးများ နှင့်တန်ဆာဆင်ထားသော အခန်း အလယ်တွင် ရွှေရောင် အဖျော့ အိပ်ရာခင်းနှင့် ၂ယောက်အိပ် ကုတင်တစ်လုံး....နှင်းဆီပန်းများ ကြဲမထားသော်လဲ ပန်းနံ့က သူ့အလိုလို မွှေးပျံ့နေသည်။ ချစ်ကြသူ ချစ်သူ နှစ်ဦး အတွက် အရမ်း ကြည်နူးရင်ခုန်စရာ အခန်းလေးဖြစ်ပေမဲ့ Baek အတွက်ရော??