Part 1

30.6K 1.2K 23
                                    

y First Lady

Epi-1

"ကျွန်တော့်အတွက် တိုင်းပြည်နဲ့ သမ္မတ ဆိုတာမရှိပါဘူး ဒါပေမဲ့ကျွန်တော့်မှာမိသားစု ရှိတယ် အိမ်ရှိတယ် တခြားတော့မဟုတ်ပါဘူး ဒီကိုရီးယားနိုင်ငံကြီးဟာ ကျွန်တော့်အိမ် ဖြစ်ပြီး ဒီနိုင်ငံသားတွေဟာ ကျွန်တော့်မိသားစုပါ

တိုင်းပြည်အတွက်? နိုင်ငံအတွက်? ဒါတွေကျွန်တော်စိတ်မဝင်စားဘူး ဒါပေမဲ့ကိုယ်နေတဲ့ အိမ်ကို ပိုကောင်းအောင် ကိုယ့်မိသားစုတွေစိတ်ချမ်းသာအောင် ထားဖို့ကိုကျွန်တော် ရွပ်ရွပ်ချွံချွံ စွမ်းဆောင် နိုင်ဖို့တော့ အရည်အချင်းရှိတယ် ယုံကြည်လိုက်ပါ မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်"

"ဟေးးးး Park Chanyeol!! Park Chanyeol" သူ၏မိန့်ခွန်း အပြီးတွင် ထွက်ပေါ်လာသော တစ်ခဲနက် အားပေးသံများ နှင့်အတူ ထွက်ပေါ်လာသော ရလဒ်...

"ဟုတ်ကဲ့ပါ နောက်ဆုံး မဲဆွယ် မိန့်ခွန်းအပြီးမှာတော့ မဲတစ်ဝက်ကျော် အပြတ်အသတ်နဲ့ Park Chanyeol ဟာ ကိုရီးယား နိုင်ငံရဲ့ ၃၂ ယောက်မြောက် နဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး သမ္မတ အဖြစ် တင်မြှောက်ခံ ရကြောင်း ကြေညာအပ်ပါသည်" မဲကြေညာသူ၏ ပြောသံအဆုံးတွင် တခဲနက်ထွက်လာသော လက်ခုပ်သံများ...

Chanyeol ကို အရင် သမ္မတ Park Geun Hye မှ တံဆိပ်တုံး လွှဲအပ်ပြီး Chanyeol မှ ရွေးကောက်ပွဲလာ ပြည်သူအားလုံးကို လက်ပြ နှုတ်ဆက်လိုက်သည်။ မျက်နှာမှာလဲ ယုံကြည်ချက်၊ မျှော်လင့်ချက်အပြည့် အပြုံးတွေ နဲ့ပေါ့။

........................

Baek Tv မှ သမ္မတ ရွေးကောက်ပွဲ live လွှင့်နေသည်ကို ကြည့်ရင်း အတွေးအမျိုးမျိုး တွေးနေမိသည်။

Park Chanyeol>> Harvard တက္ကသိုလ် မှ နိုင်ငံတကာ စီမံခန့်ခွဲရေးပညာ ဖြင့် ဘွဲ့ရပြီး အသက် ၂၅ နှစ် ဖြင့် သမ္မတ ရွေးကောက်ပွဲ ကို ယှဉ်ပြိုင် နိုင်သူ၊ သူ့သတင်းကလဲ အာရှသာမက ကမ္ဘာ မှာတောင် ကျော်ကြားသူ သူဘွဲ့ရပြီး ဒီနိုင်ငံပြန်ရောက်လာသည် နှင့် ကိုရီးယား ဆို အနောက် ဥရောပ နိုင်ငံကြီးများထိ လွှမ်းမိုးနိုင်အောင်လုပ်သူ စီးပွားရေး နိုင်ငံရေး အကွက်မြင်လွန်းပြီး စိတ်ရှည်ရှည် နှင့် တစ်ချက်ထဲ အပိုင်ဖမ်းနိုင်သောကြောင့်

My First LadyDonde viven las historias. Descúbrelo ahora