"ကြွရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်"ဝန်ဝူး သူမမြင်ဘူးတဲ့ ဟိုဟိုဒီဒီလူစုကို ဝတ္တရားအရ နှုတ်ဆက်ရသည်။ သူ ဆိုးလ်ကို ရောက်လာတုန်းက အဖေကော၊ အန်တီပါ ဝမ်းသာအားရ ကြိုဆိုကြသည်။ ဘုရားကျောင်းမှာပဲ အကျဉ်းရုံး
ဆောင်ပေါ့ဗျာ၊ ငယ်တော့တာမှ မဟုတ်တာလို့ သူတို့ရှေ့ လွှတ်ခနဲ ပြောမိသွားတော့ အန်တီကော၊ အဖေပါ ပွဲကျခဲ့သေးသည်။ရေမွှေးအနံတွေရယ်၊ ခရင်းသံ၊ ခွက်သံတွေက ကြိုကြားကြိုကြားပေါ်ထွက်လာသည်။ သူ့အဖေကို ကြည့်တော့ ပျော်ရွှင်နေသည်။ အရင်အတိုင်း အဖေက ဘာမှ မပြောင်းလဲခဲ့သလို။
"သားကလေးက လူချောလေးပဲ" လို့
ဧည့်သည်တွေက လောကွတ်ပြုကြရင် အန်တီကပါ ပြုံးပြုံးနှင့် ဝန်ဝူးကို သူမ အသိဆွေမျိုးတွေအထိ
လိုက်မိတ်ဆက်ပေးသည်။
ပွဲက လေးနာရီသာ ကြာခဲ့သည်။ အချိန်က ညနေငါးနာရီရှိပြီ။ ဘယ်မှ လည်မနေတော့ဘဲ မိုတယ်အခန်းလေးကိုသာ ပြန်လာခဲ့သည်။ သူတို့ကတော့ သူတို့ အိမ်မှာပဲ နေရန် ခေါ်သေးသည်၊ အားနာတာမို့ ကိုယ့်ဘာကိုယ်ပဲ စျေးသက်သာတဲ့ အခန်းရှာပြီး ငှါးနေလိုက်သည်။ ပြန်လာချင်းချင်း
အညောင်းအညာပြေအောင် ရေချိုးသည်။ပြီးတော့ သူ အမေ့ကို ဖုန်းဆက်ချင်လာသည်။
တီ....
"ဟယ်လို"
"အမေ"
"သား ပွဲက ပြီးသွားပြီလား"
"အင်း"
"ညစာကော"
ဝန်ဝူးညစာ ထပ်ပြီးမစားနိုင်တော့။ အမေ့ကိုတော့ စားပြီးပြီလို့ လိမ်ပြောလိုက်သည်။ မနက်ဖြန် ရထားနဲ့ပဲ ပြန်လာမည့်အကြောင်းရယ်၊ ဘာလက်ဆောင်ဝယ်လာပေးရမလဲရယ် ပြောဖြစ်သည်။
"အမေ... ကျွန်တော် မေးချင်လို့"
"အင်း မေးလေ ..."
သူ မျက်လုံးကို ပိတ်ထားမိသည်။ ဒါကို သူပြော
ချင်နေခဲ့ရတာ။"အမေတို့ ဘာလို့ လမ်းခွဲခဲ့တာလဲ"
သူ့အမေဘက်က တုံပြန်သံက ချက်ချင်းတော့
ထွက်မလာ။