440 50 19
                                    

"မင်ဂယူရား"

ပခုံးကို သာသာလာပုတ်နေသည့် ကိုကိုကြောင်လေးကို မကြားချင်ယောင်ထပ်ဆောင်ဦးမည်။
ကိုကိုကတော့ သူ့ကိုပြောပါတယ်
'ကိုယ်နဲ့တွဲပြီးနောက်ပိုင်း အရမ်းစိတ်ကောက်တတ်တာပဲဆိုပြီး'။

မနေ့ညက ဝန်ဝူးတက္ကသိုလ်ကသူတွေနဲ့ တစ်ဝိုင်းသွားထောင်သည်လေ။ အဲ့တာကို မင်ဂယူ စိတ်ဆိုးစရာမရှိပါ။ မင်ဂယူ စိတ်ဆိုးသည်က လာကြိုတော့ ကိုကိုက ဘေးက စီနီယာအမတစ်ယောက်ပခုံးပေါ်မှီပြီး ရယ်နေလို့ဖြစ်သည်။ ကင်မင်ဂယူ ပခုံးက ကျယ်သည်ထက်ပိုကျယ်သွားသလားတောင် ခံစားရသည်။
ကိုကို့သူငယ်ချင်းတွေ အတင်းတိုက်လို့ သောက်ခဲ့ရတဲ့ ဆိုဂျူသုံးပုလင်းအရှိန်နဲ့ ကိုကိုက သူခေါ်လာတာကိုတောင် မျက်လုံးက မပွင့်ချင်။

"ချီပေး"

လက်လေးနှစ်ဖက်ဆန့်ပြီး သူများတွေရှေ့ချွဲနေသော
လူကြောင့် မင်ဂယူ တံတွေးတောင် သီးသည်။
အာရှီး တက္ကသိုလ် ဒုတိယနှစ်ပဲရောက်နေပြီ သူနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ အထက်တန်းဒုတိယနှစ်ကျောင်းသားလေးလို ကိုကို့မျက်နှာလေးက ဘာမှ မပြောင်းလဲခဲ့။ မျက်မှန်ပါဝါတက်လာတာပဲ ရှိမည်။

"သူက ညီလေးလား"

အသိဖြစ်ပုံရသည့် အမတစ်ယောက်က ရယ်မောမောနဲ့ မင်ဂယူနားလာသည်။ မင်ဂယူ ဝိုင်းထဲကလူတွေကို ကြည့်မိတော့ အသိတွေနဲ့ စီနီယာတွေသာရှိ
သည်။ ကိုကို ပေါင်းနေကျ လူတွေတော့ မဟုတ်။
သူမ ဝတ်ထားသည့်အကျီက ရင်သားကို မြင်ပြီး မင်ဂယူ ကြက်သီးထသွားသည်။ နောက်တစ်ခါ ကိုကို့အရက်သောက်ရင် သူပါ ဝင်ထိုင်တော့မည်။ နဂိုထဲက ပေါင်းတတ်သင်းတတ်တော့ ကိုကို့ကျောင်းကလူတွေကြားထဲ ထူးဆန်းနေမည်တော့ မထင်။ တနေ့ကမှ စာမေးပွဲတွေပြီးကြတော့ မင်ဂယူပါ သူ့သူငယ်ချင်း
ဝိုင်းကနေ ပြန်လာခြင်းဖြစ်သည်။ ကိုကို့ကို ကြိုဖို့ရှိတာမို့ သူက မသောက်ခဲ့။

"မဟုတ်ပါဘူးညော်"

ဝန်ဝူး ရုတ်တရက် မင်ဂယူလည်ပင်းကို မှီတွယ်လာသည်။ သူမ ကိုလည်း ပြောင်ပြလိုက်သေး
သည်။ ကိုကို အဲ့လောက်မူးတတ်တာကို မင်ဂယူ မသိခဲ့ပါ။ ကိုကိုက အမှန်ဆို အရက်မှ မကြိုက်တာ။

You've reached the end of published parts.

⏰ Last updated: Jun 17 ⏰

Add this story to your Library to get notified about new parts!

Might because of the heat stroke Where stories live. Discover now