"ဂျွန် မင်းဝင်တော့မလား"
"အင်းး ငါလာပြီ!!"
ရပ်ကွက်ထဲရှိ ဘက်စကပ်ဘောဆော့သည့်နေရာ
တွင် ဒီနေ့အဖို့ သူတို့အုပ်စုက နေရာယူထားကြသည်။ နွေရာသီပိတ်ရက်ဖြစ်တာကကော၊ စာမေးပွဲအမှတ်ပါ စောင့်နေကြတော့ တက္ကသိုလ်တက်မည့်
ဝန်ဝူးတို့အတွက် ယခုနွေမှာ အချိန်တွေက ပိုပြီးတောင် အားလပ်နေသည်။
ဝန်ဝူးအဖို့ အားနေသည့်အချိန်တွေကို အပြင်မှာချွေးထွက်အောင် ကစားဖို့လာသည်မဟုတ်။ တနေကုန် ဂိမ်းကစားနေလို့သာ သူငယ်ချင်းတွေ ဆော်ဩတော့ ယက်ကန်ယက်ကန်နှင့် မင်ဂယူတို့ဆော့နေကြ နေရာလေးဆီရောက်လာခြင်းဖြစ်သည်။ မင်ဂယူသူငယ်
ချင်းကော၊ သူတို့အုပ်စုနှင့် ကျောင်းက သူမျက်မှန်းတပ်မိသည့်ကလေးတွေတချို့က တလှည့်စီ
မျှအောင်ဆော့ကြတော့ ဝန်ဝူး သူ့အလှည့်ကို ဝင်စရာမလိုတော့။ မင်ဂယူဆော့တာကို ကြည့်လို့လည်းရသည််။ သူ့ သူငယ်ချင်းတွေ အမှတ်ရသွားလျှင် အားပေးသည်။ အလှည့်နားပြီး ခုံတန်းရှည်ပေါ်လာထိုင်တဲ့သူတွေကို ရေသန့်ဘူးကမ်းပေးသည်။
သူ့အလှည့်မခေါ်ရန် အလုပ်ရှုပ်ချင်ယောင်
ဆောင်နေတာလည်းပါသည်။"ဂျွန်လာပြီဆိုတော့...ငါနားဦးမယ်"
ဟိုရှီ ဝန်ဝူးရှိသည့်ဘက်ကို ပြေးလာပြီး သူကမ်းပေးသည့်ရေဘူးကို မောမောနဲ့ တကျိုက်တည်း
မော့ချပစ်လိုက်သည်။"ရား ရား အရမ်းကစားခဲ့တာ ရေကို ဖြည်း
ဖြည်းသောက်လေ၊ အန္တရာယ်များလိုက်တာ""မောတယ် နော်နူးရာ"
"ဟော ငါ့ကို မဖက်နဲ့နော်"
ဝန်ဝူးက ချွေးတွေစိုနေတဲ့သူ့အနားက ခွါလေ ဟိုရှီက အနားကို ပိုပြီးတိုးတိုးသွားလေလုပ်လိုက်
စနောက်နေကြသည်။ ဟိုရှီ နဖူးစပ်လည်း ချွေးစတို့ အများကြီးသီးနေသည်။
ရာသီအိုက်စပ်နေမှန်းကလည်း သိသာလှသည်။ ကစားနေတဲ့သူတိုင်းလိုလို အကျီမှာပါ ချွေးနစ်နေကြသည်။ဟိုရှီ ခုံတန်းပေါ်မှာ စိတ်ရှိလက်ရှိပစ်လှဲလိုက်သည်။
"မင်း ဆိုးလ်မှာ အိမ်ခန်းရှာရဦးမယ်မလား"