"ကင်မင်ဂယူ မင်း ဘယ်လိုပုံစံကို ကြိုက်လဲ"
တနေ့က ဟိုဘက်ကျောင်းကခေါင်းဆောင်နဲ့ အသေအလဲထိုးလာခဲ့တာမို့ အနာဖေးတက်နေတဲ့နှုတ်ခမ်းကို ခပ်ဆဆကုတ်မိရင်း စဉ်းစားဖြစ်သည်။
သူ့ကိုယ်သူ ဘယ်တော့ကမှ မေးခွန်းထုတ်မိခဲ့သည်မဟုတ်။ အမှန်ဆို အလယ်တန်းကျောင်းသားက ဒီပုံစံမျိုးပဲ ကြိုက်မိနေမှာ၊ ချစ်မိမှာဆိုပြီး ပြောဖို့က စိတ်ကူးယဉ်ဆန်လွန်းသည်ဟု မင်ဂယူတွေးမိသည်။ သူ့မျက်နှာချင်းဆိုင်က သူငယ်ချင်းက သူ့အဖြေကို မစောင့်တော့ပဲ စစနောက်နောက်ပြောလိုက်တာက သူ့ကို စိတ်တိုသွားစေသည်။"မင်းက ရင်ဘက်ကြီးတဲ့ကောင်မလေးတွေပဲ
ကြိုက်မှာပေါ့၊ တွဲလိုက်ရင် အထက်တန်းပြီးတော့မယ့် အမတွေနဲ့ပဲ"မင်ဂယူမှာ ငယ်ငယ်ထဲက အတန်းသားတွေကြား ခန္ဓာကိုယ်က ထင်းထွက်နေတာကြောင့်ကော၊ လာဖွင့်ပြောတဲ့ ကောင်မလေးတွေနဲ့ တွဲသွားတွဲလာလုပ်တတ်တာကော၊ ခဏခဏဆိုသလို ကျောင်း
ချင်း ချိန်းပြီးရန်ဖြစ်တတ်တာကြောင့်ပါ သူတို့ထက် လူပျိုဖြစ်တာစောသည်ဆိုပြီး သတ်မှတ်ထားကြသည်။ အဲ့လိုသတ်မှတ်ချက်က သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ သူလည်း ကျန်းမာတဲ့ယောကျာ်းလေးတစ်ယောက်မို့ သဘာဝအတိုင်း ကိုယ်ချင်းနှီးနှောတာကို သိချင်စိတ်တော့ရှိပေမယ့် ဘယ်သူ့ကိုမှ အဲ့လိုစိတ်နဲ့ ကြည့်ခဲ့ဖူးတာမဟုတ်တော့ ထိုစကားတွေက သူ့ဒေါသကို အထွတ်အထိပ်ရောက်စေသည်။မျက်နှာချင်းဆိုင်ကလူရဲ့ ကော်လံကို ကောက်ဆွဲခါမှ ထိုသူက သူ့စကားမှားသွားမှန်း သတိထားမိသွားပြီး အသည်းအသန်ကို တောင်းပန်တော့သည်။ မင်ဂယူ
လည်း မလုပ်သင့်ခဲ့မှန်း တွေးမိသွားရင်း ထိုသူကို အသာပြန်ထိုင်ခိုင်းစေသည်။"မင်းက စိတ်ဆတ်လိုက်တာ၊ ဒါနဲ့ ဘာ type လဲဟင်"
"ခွေးကောင်"
သူ ကျိန်ဆဲရင်း ရယ်မိသွားသေးသည်။
မင်ဂယူမှာ တစ်ယောက်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်ခဲ့ဖူးသူတော့မဟုတ်၊ အကြာကြီး ချစ်နိုင်ပါ့မလားလို့တော့ တွေးမိဖူးသည်။ ဆိုင်ကယ်အနောက်ခုံမှာ တင်ထားမိမယ့်ချစ်သူပုံစံမျိုး။