"ငါ ဟိုတရက်က မြို့ထဲကို လူစိမ်းတွေ လာတာတွေ့လိုက်သေးတယ်။ ကျောင်းသားတော့ကျောင်းသား
အရွယ်တွေပါပဲ။ သူတို့ပုံစံမကြိုက်လို့...""အာအီးဂူး...မြောင်ဟိုလေးက မြို့ရဲ့စီစီတီဗီလုပ်နေတာလား"
"အချစ်လေးကြောက်နေရင် အိုပါးက ကာကွယ်ပေးမှာပေါ့"
အတည်ပေါက်နဲ့ပြောနေတာကို ရွှတ်ရွှတ်နောက်နောက်စနေတာကြောင့် မင်ဂယူနဲ့ dokyeomကို ခေါင်းချင်းတေ့ပြီးတိုက်ချလိုက်ချင်သည်။မြောင်ဟို တော်ရုံဆို အာရုံထဲ မထားတတ်ပေမယ့် သူတွေ့ခဲ့သည့်လူတွေက အချိုးမပြေသည့်ပုံတွေပင်။
ဘာဖြစ်ဖြစ် နောက်ရက်တွေမှာ သူတို့ကို ထပ်မတွေ့
ဖြစ်တော့ သူ့သူငယ်ချင်းတွေ စသလို သူကပဲ
စိတ်ပူတတ်သည့် လူဖြစ်သွားပုံရသည်။"ဟိုမှာ ငါတို့ကို ခေါ်နေပြီ"
Dokyeom က ပြောလည်းပြောရင်း သူတို့နားနေရာကနေ
ဘက်စကပ်ဘောကွင်းဆီ ပြေးဝင်သွားပေမယ့် နောက်က မင်ဂယူနဲ့ မြောင်ဟိုကတော့ ပုံမှန်အတိုင်း လမ်းလျှောက်
ဝင်လာသည်။"မင်ဂယူ... မင်းလည်း သတိထားဦးနော်၊ ဒီရက်ပိုင်း
အတွင်း"မြောင်ဟို မင်ဂယူ အလယ်တန်းတုန်းက အကြောင်းတွေ အနည်းငယ်သိထားတော့ သူတွေ့ခဲ့တဲ့ကျောင်းသားတွေနဲ့
ဆက်စပ်ကြည့်ရင် နည်းနည်းတော့သံသယဖြစ်ဖို့ကောင်းသည်။ မြောင်ဟိုသာ အမှတ်မမှားဘူးဆို မင်ဂယူ၊ ဒီနိုတို့ စကားပြောသည့် ဒေသလေသံနဲ့ သူတို့ စကားပြောသံက တူနေသည်။ တမြို့ထဲက လာတာလို့လည်း ထင်မိသည်။"အော်...အင်း...အင်း"
မင်ဂယူကတော့ မြောင်ဟို ဘာဆိုလိုလိုက်မှန်း သဘောပေါက်လိုက်ပုံမရခဲ့။
..................................................
"အကို...ထိုင်ပါတော့ဗျာ၊ ကျွန်တော် မူးနေပြီ"
ဝန်ဝူး တိုင်ပင်စရာရှိလို့ သူညီအခန်းထဲဝင်လာခဲ့ပေမယ့်
ပါးစပ်ကပြောမထွက်တော့ အခန်းထဲပဲ ခေါက်တုံခေါက်
ပြန် လှိမ့်လျှောက်နေမိသည်။ သူ့ညီ ပြောတော့မှ သတိ
ပြန်ရသွားပြီး ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်
သည်။