ဆူး (၃)

150 21 0
                                    

2 year later >>>

" အီဟန်ရေ ကျောင်းသွားဖို့ပြင်တော့လေ။ ယောန်ဂျွန်းကအိမ်ရှေ့ရောက်တော့မယ်တဲ့။ "

- ဘေးအိမ်ကနေလှမ်းပြောသောမင်ဟျောင်းအီဟျောင်းကို အီဟန်ပြတင်းပေါက်ကနေခေါင်းထုတ်ကာ ငြှိမ့်ပြပြီးသည့်နောက် အင်္ကျီချိတ်တွင်ချိတ်ထားသောအပေါ်ထပ်ဆွယ်တာကိုယူဝတ်လိုက်သည်။ စားပွဲပေါ်ကလွယ်အိတ်နှင့် ဖိုင်ကိုယူကာ အောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။ -

" အီဟန်ဟျောင်း ကျောင်းသွားတော့မလို့လား။ "

" အွန်း ဟုတ်တယ် အငယ်လေး။
မင်းကဒီနေ့ကျောင်းမသွားဘူးလား။ "

" ခဏနေစာကြည့်တိုက်သွားမလို့ပါ။ "

" အိမ်တံခါးသေချာပိတ်ပြီးဂရုစိုက်သွားနော်။ ဟျောင်းသွားတော့မယ်။ တစ်ခုခုဆိုဟယ်လိုလိုက်။ "

" အိုကေ ဟျောင်း"

- အီဟန်က အွန်းဟက်ခေါင်းကိုပုတ်သွားကာ လှေကားအဆုံးမှာရှိသည့်စာအုပ်စင်ပေါ်မှမှန်ဘောင်သွင်းထားသောဓာတ်ပုံကိုယူကာတစ်ချက်ပြုံးလိုက်သည်။ ထိုဓာတ်ပုံက သူတို့ညီအစ်ကိုသုံးယောက်အတူတူရိုက်ထားသောဓာတ်ပုံတစ်ခုဖြစ်သည်။ -

- ဟျောင်း! ကျွန်တော်ကျောင်းသွားတော့မယ်နော်။ ညနေပြန်လာမှတွေ့မယ်။ -

- အီဂျယ့်ကိုသေချာကြည့်နေတဲ့အီဟန်က အိမ်ရှေ့ကကားဟွန်းတီးသံကြားမှသတိဝင်လာခဲ့သည်။ -

" အီဟန်ဟျောင်း!
ယောန်ဂျွန်းဟျောင်းရောက်ပြီထင်တယ်။ "

- ဓာတ်ပုံနေရာတကျသေသေချာချာပြန်ထားခဲ့ကာ သူလွယ်အိတ်ကိုကောက်လွယ်လိုက်ပြီး အဆုံးထိထိုးလို့မဝင်သေးတဲ့ဖိနပ်ကိုခေါက်စီးမှုဖြင့်အဆုံးသတ်လိုက်သည်။ ထို့နောက် အိမ်ရှေ့သို့ ကမူးရှူးတိုးပြေးထွက်သွားခဲ့သည်။ -

"ဟျောင်း! ဟျောင်း! အီဟန်ဟျောင်း! မနက်စာ...."

- အွန်းဟက်လိုက်ပေးခဲ့ပေမဲ့ကားကထွက်သွားနှင့်ပြီဖြစ်သည်။ -

" အော ဖြစ်ရမယ် အီဟန်ဟျောင်းတို့ကတော့...."

- သူလည်းခေါင်းခါကာအိမ်ထဲပြန်ဝင်လာခဲ့သည်။ အီဂျယ်ဟျောင်းဆုံးပြီးနှစ်နှစ်အတွင်းမှာနောက်ဆုံးကြုံခဲ့ရတဲ့ခြောက်လကိုအွန်းဟက်စိတ်အချမ်းသာရဆုံးဖြစ်သည်။ အီဟန်ဟျောင်းကလည်းစိတ်အခြေအနေပိုကောင်းလာခဲ့တာကြောင့်ပင်။ မကြာခင်နှစ်နှစ်ပြည့်တော့မည်ဖြစ်သော အီဂျယ်ဟျောင်းကို သူတို့သတိရနေသေးသော်လည်းကောင်းကောင်းနေထိုင်စားသောက်​ပြီးရှင်သန်နေကြသည်။  -

Deep End (ဆူး)Where stories live. Discover now