ဆူး (၄)

159 24 0
                                    


Leehan POV:

- ယူလ်အီဟျောင်းချိန်းသည့်ကော်ဖီဆိုင်သို့အီဟန်ရောက်လာခဲ့သည်။ ဆိုင်ထဲတစ်ချက်ဝေ့ဝိိုက်ကြည့်လိုက်တော့ ထောင့်တစ်ခုမှာထိုင်နေတဲ့ယူလ်အီဟျောင်း။ -

" ဂျောင်ယူလ်ဟျောင်း! "

- အီဟန်ကလက်ပြကာ အနားသို့ပြေးသွားခဲ့သည်။ -

" ထိုင် အီဟန်။ ဟျောင်းကနောက်ကျလို့စိတ်ပူနေတာ။ "

" ဟုတ်တယ် ဟျောင်းရဲ့။ ဘတ်စ်နဲ့ဆိုတော့လမ်းပိတ်နေတာနဲ့ကြာသွားတာ။ ဆောရီးဆောရီး။ ဒါနဲ့ ဟျောင်းကဘာပြောမလို့လဲ "

" အဲ့ဒါကလေ....အခုလိုအချိန်မှာမပြောသင့်ဘူးဆိုပေမဲ့ မကြာခင်လည်းပညာတော်သင်သွားရမှာမလို့ ဟျောင်းစိတ်ထဲထင်နေတာပြောပြမယ်။ "

" ဘာကိုလဲ ဟျောင်း "

" အီဂျယ်သေတာကိုပြောတာလေ....ရဲတွေက ရုတ်တရက်အမှုပိတ်လိုက်တာထူးဆန်းမနေဘူးလား။ "

" အဆုံးစီရင်မှုမလို့ ထပ်စုံစမ်းစရာမရှိတော့လို့ အမှုပိတ်လိုက်တာပါ။ အဲ့လိုမဟုတ်ရင်ဘာရှိဦးမှာမလို့လဲ"

" ဟျောင်းရဲ့အသိရဲဝန်ထမ်းတစ်ယောက်ပြောတာကတော့ လူသတ်မှုတဲ့။ လာဘ်ထိုးပြီး အထက်ကပိတ်ခိုင်းလိုက်တာတဲ့။ "

" အဆုံးစီရင်တာဟုတ်တယ်။ သူဘယ်လောက်တောင်ပင်ပန်းနေခဲ့မလဲမသိဘူး။ ပြီးတော့ ဟျောင်းအမှုကိုလာဘ်ထိုးရလောက်အောင်အထိကြီးမားတာမှမဟုတ်တာ။ ကျွန်တော်တို့ကသာအနီးကပ်လူတွေမလို့ဒီလိုခံစားနေရတာပါ။ "

" အီဟန်တကယ်မစုံစမ်းချင်တော့ဘူးလား။ ဒါဆိုလည်းရတယ်။ ဟျောင်းကအီဟန်တစ်ခုခုသိချင်တာရှိမလားလို့ပြောပြတာ။ "

" ကျွန်တော်မသိချင်တော့ပါဘူး။ ဟျောင်းလည်းအခုဆိုအေးချမ်းနေတော့မှာပါ။ ဟျောင်းကိစ္စကိုထပ်ပြီးအစမဖော်ချင်တော့ဘူး။ "

" အွန်း ဟုတ်ပြီ အီဟန်။ အကယ်၍တစ်ခုခုသိချင်တာများရှိခဲ့ရင်ဟျောင်းကိုမေးလို့ရတယ်။ ဟျောင်းသိသလောက်ပြောပြပြီးတော့မှီသလောက်စုံစမ်းပေးမယ်။ "

" ကျေးဇူးတင်ပါတယ် ယူလ်အီဟျောင်း"

- ဂျောင်ယူလ်ကပြုံးလိုက်ကာ သူသောက်လက်စကော်ဖီကိုဆက်သောက်နေခဲ့သည်။ -

Deep End (ဆူး)Where stories live. Discover now