ဆူး (၆)

170 19 4
                                    

" ဒီလအတွက် စာတမ်းတွေက အကုန်အပ်ပြီးပြီလား။ သုံးရက်ဘဲကျန်တော့တယ်နော်။ မပြီးတဲ့လူကအပြစ်ပေးခံရမှာသိတယ်မလား။ "

" စာတမ်းလား။ ဘာစာတမ်းလဲ "

" ထယ်ဆန်းဘာစာတမ်းလဲ "

" ဒီလအစတုန်းက တောရိုင်းတိရစ္ဆာန်တွေအကြောင်းစာတမ်းရေးခိုင်းထားတာလေ။ "

" မင်းပြီးသွားပြီလား။ "

" အွန်း။ "

" သစ္စာဖောက်။ "

" မင်းတို့သစ္စာဖောက်တာပိုများတယ်လေ "

- ထယ်ရယ်ကနှုတ်ခမ်းစူထားကာ ထယ်ဆန်းကိုစိတ်ထဲကနေ ဆဲဆိုသည့်စကားများအပြင်သို့ထွက်မကျလာအောင်ထိန်းသိမ်းထားရသည်။ -

" ဒါက အုပ်စုဖွဲ့ပြီးလုပ်ရမှာမဟုတ်ဘူးလား။ ငါမှတ်မိလာသလိုဘဲ။ ဟုတ်တယ်မလား ထယ်ဆန်း။ "

" ဟုတ်တယ်လေ။ "

" မင်းကဘယ်အဖွဲ့မှာပါသွားလို့လဲ "

" ငါ့ကောင်တို့! ငါအခုပြီးသွားတဲ့စာတမ်းကလေ မင်းတို့ရယ် ငါရယ် သုံးယောက်အုပ်စုရဲ့စာတမ်းနော်။ "

" ငါတို့ကလုပ်စရာမလိုတော့ဘူးပေါ့။ "

" မလိုတော့ဘူး။ ဒါပေမဲ့ presentation လုပ်မဲ့နေ့ကျရင်တော့မင်းတို့နှစ်ယောက်ပြောရမှာ။ mailကနေပို့ပေးထားတယ်။ printထုတ်ပြီးကြည့်ထားလိုက်။ "

"ယေးးးဟေးးး ဒါမှငါတို့ထယ်ဆန်းလေး။ "

- ထယ်ဆန်းနာရီကိုကြည့်လိုက်တော့ နောက်ထပ်အတန်းစဖို့အတွက် အနည်းငယ်သာလိုတော့တာကြောင့် အတန်းထဲမှာသာနေဖို့ဆုံးဖြတ်လိုက်သည်။ -

- ဒီအတန်းပြီးမှဘဲ အီဟန်ဆီကိုသွားရတော့မှာဘဲ။ -

.
.
.

Leehan POV:

- ဖျားနေ၍အိပ်ရာထဲကတောင်မထနိုင်သော အီဟန်။ အွန်းဟက်ကလည်းအီဟန့်အားတစ်ယောက်တည်းမထားခဲ့နိုင်၍ ကျောင်းမသွားရ။ -

" အငယ်လေး။ ကျောင်းသွားတော့လေ။ နောက်ကျနေတော့မှာဘဲ။ "

" ကျောင်းခွင့်ယူထားတယ်။ ဟျောင်းကိုတစ်ယောက်တည်းစိတ်မချနိုင်လို့။ "

Deep End (ဆူး)Where stories live. Discover now