ဆူး (၇)

87 19 2
                                    

Taesan Pov:

- ယနေ့မနက်တွင် ထယ်ဆန်းခါတိုင်းထက်စော၍နိုးနေခဲ့သည်။ ဖေဖေနဲ့မေမေကိုနှုတ်ဆက်ကာ သူလည်းမနက်စာစားရန်စားပွဲမှာထိုင်လိုက်သည်။ -

" သားကအစောကြီးနိုးလို့ပါလား။
မင်းအစ်ကိုတောင်မနိုးသေးဘူး။ "

" ဒီနေ့သားအပြင်သွားစရာရှိလို့ "

" ဟုတ်လား။ ဘယ်သွားမှာလဲ "

" သူငယ်ချင်းတစ်ယောက်အိမ်ကိုပါ။ နေမကောင်းဘူးဆိုလို့သွားကြည့်မလို့။ "

" အမယ်! ဟုတ်လှချည်လား ငါ့သားရ။ ပြောပါဦး။ သူငယ်ချင်းကယောက်ျားလေးလား၊ မိန်းကလေးလား။ "

" ယောက်ျားလေးပါ ဒယ်ဒီရဲ့။ ခင်တာသိပ်မကြာသေးဘူး။ "

" ဟုတ်လား။ သြော်....မသိပါဘူး။ ဒယ်ဒီကမိန်းကလေးထင်နေတာ။ "

" ဟာ မဟုတ်ပါဘူး ဒယ်ဒီရာ။ "

" အေးပါကွာ အေးပါ အေးပါ "

- ဒယ်ဒီကသူ့ကိုစနောက်ပြီးပြုံးရွှင်နေချိန်မာမီပါ ဝင်လာခဲ့သည်။ -

" သားအဖတွေဘာတွေပြုံးနေကြတာလဲ "

" မင်းရဲ့ သားငယ်လေးက သူ့ရဲ့သူငယ်ချင်း အော်..ယောက်ျားလေးနော်။ သူ့ရဲ့သူငယ်ချင်းယောက်ျားလေးနဲ့သွားတွေ့မလို့တဲ့။ "

" ဒယ်ဒီနော်....တကယ်ပါလို့ပြောနေတာကို..."

" အေးလေ။ ဒယ်ဒီကရောဘာပြောလို့လဲ။ "

" တော်ပြီ။ မစားတော့ဘူး။ စိတ်ကောက်ပြီ။ "

- ထိုအခါမှဖေဖေကသူ့ကိုပြန်ချော့ကာ မနက်စာကိုစားခိုင်းခဲ့သည်။ -

" အစ်ကိုလေးထယ်ဆန်း! ဒါက အစ်ကိုလေးပြောထားတဲ့ကြက်စွပ်ပြုတ်ပါ။ အားများများရှိအောင် ဂျင်ဆင်းတစ်ချို့ထည့်ပြုတ်ပေးထားတယ်။"

" ဟုတ်။ ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်ကြီး"

- ထယ်ဆန်းမနက်စာစားပြီးတာနဲ့ ဂျယ်ဟျွန်းဟျောင်းကို လိုက်ပို့ခိုင်းခဲ့သည်။ သို့သော် နေမကောင်းဘူးဟူသောအကြောင်းပြချက်ဖြင့် ဂျယ်ဟျွန်းဟျောင်းသူ့ကိုလိုက်မပို့ဖြစ်ပေ။ ဒါကြောင့် မေမေ့ဒရိုက်ဘာကိုလိုက်ပို့ခိုင်းပြီးတော့ မေမေကတော့ဖေဖေဝင်ပို့ပေးခဲ့မည်ဟုပြောသည်။ -

Deep End (ဆူး)Where stories live. Discover now