ထယ်မနေ့ကပန်းဆိုင်ကိုသွားတယ်
ထယ်လိုချင်တဲ့ကျူးလစ်ပန်းရပီဆိုလို့အပြေးအလွှားသွားလိုက်တယ်
ပန်းဆိုင်က ဆိုင်ရှင်နဲ့ ထယ်နဲ့ကမိတ်ဆွေတွေတောင်ဖြစ်လို့
ဆိုင်ရှင်ကထယ်လေးလိုချင်တဲ့ကျူးလစ်ပန်းခရမ်းရောင်လေးတွေရောက်ပြီလို့ဖုန်းဆက်လာတယ်
ထယ် ကလေကျူးလစ်ပန်းဆိုသိပ်ကြိုက်တာ
ကျူးလစ်ပန်းလေးတွေမြင်နေရရင်ထယ်စိတ်ချမ်းသာတယ်
ထယ် ကြိုက်တာဘာရယ်လို့သတ်မှတ်ထားတာမရှိပေမယ်
ကျူးလစ်ပန်းနဲ့စက်တော်ဘယ်ရီကိုတော့ ထယ် ငယ်ငယ်လေးကတည်းကကြိုက်ခဲ့တာ
"ဟော""ကျမတို့ရဲ့ကျူးလစ်မင်းသားလေးလာပါပြီရှင်"
"အမလေးဒီတိုင်းဆိုတစ်ခေါက်မှတောင်ရောက်မလာတဲ့သူက"
"ကျူးလစ်ပန်းလည်းရောက်ပြီဆိုရော"
"ရောက်လာလိုက်တာ"
"လေယျာဉ်စီးလားသလားမေးရမယ်"
"ဟာအဒေါ်ကြီးကလည်း
"ထယ်ကအလုပ်တွေရှုပ်နေလို့ပါ"
"ထယ်လည်းလာချင်တာပေါ့"
"ဖြစ်နိုင်ရင်ဒီမှာတောင်နေချင်သေးတာ"
ဆိုပြီးထယ့်ရဲ့မူပိုင်လေးထောင့်ဆန်ဆန်အပြုံးလေးပြုံးပြလိုက်တယ်
"အမလေးချွဲနေလိုက်တာကျမအရည်ပျော်ကျတော့မယ်ရှင့်"
"ရော့ဒီမှာ ရှင့်ဖို့သီးသန့်ချန်ထားတာ"
"ကျေးဇူးပါအဒေါ်ကြီး"
"ရတယ် ရတယ် အလကားပေးတာလည်းမဟုတ်ပဲနဲ့ကျေးဇူးတွေဇွတ်တက်မနေပါနဲ့'
ဒါဆို ထယ်ပြန်တော့မယ်နော်အဒေါ်ကြီး
"ကောင်းကောင်းနေရစ်ခဲ့ပါဗျ"
"၊ဟုတ်ပါပီကွယ်''
ထယ် ဆိုင်ရှင်ကိုနှုတ်ဆက်ပြီးဆိုင်ထဲကထွက်လာလိုက်တယ်
ဒီတစ်ခေါက်ပန်းလေးတွေကအရင်အခေါက်တွေကထက်ပိုလှတာကြောင့်ထယ်သိပ်သဘောကျနေတယ်
ထယ်ပန်းတွေကိုအာရုံရောက်နေတာမို့
လမ်းကိုမကြည့်ပဲလျှောက်လာမိတယ်အဲ့ဒီအချိန်ဆိုင်ကယ်တစ်စီးကထယ့်ရှေ့တည့်တည့်ကိုဝင်လာတယ်
ထယ် ဝင်လာတဲ့ဆိုင်ကယ်ကိုမဂှောင်မိ
မျက်လုံးနှစ်ဖက်ကိုအတင်းမှိတ်ပြီးတော့သာလမ်းအလည်မှာရပ်နေမိတယ်
တီတီတီတီသံရှည်စွဲပြီးတီးနေတဲ့ဆိုင်ကယ်သံကိုပဲနားထဲအထပ်ထပ်ကြားရတယ်
မျက်လုံးကိုလည်းမဖွင့်မိသလို
ဆိုင်ကယ်ကိုလည်းမရှောင်မိ
ထိုအချိန်မှာလူတစ်ကိုယ်လုံးဆွဲခါရမ်းလိုက်သလိုခံစားရတယ်
နာကျင်တဲ့ခံစားမှုမျိုးမရတာကြောင့်ထယ်မျက်လုံးကိုဖြည်းဖြည့်ချင်းဖွင့်လိုက်တယ်
ထယ်ရောက်နေတဲ့နေရာကလူတစ်ယောက်ရဲ့ရင်ခွင်တစ်စုံ
အတိအကျပြောရရင်ယောင်္ကျားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ
YOU ARE READING
Tulip Kim 🌷
Non-Fictionငယ်ငယ်တည်းကမိဘတွေဆုံးသွားလို့မိဘမဲ့ဂေဟာမှာကြီးပျင်းလာရတဲ့Kimtaehyung ချမ်းသားတဲ့မိသားစုကြီးရဲ့ဒုတိယမျိုးဆက်Jeon Jungkook (ficမှာရေးတဲ့စာသားများသည်idolတွေကိုထိခိုက်စေလိုခြင်းလုံးဝမရှိပါ)