Tae hyung တစ်ယောက်အလုပ်တွေပြီးတော့
ကိုယ်လက်သန့်စင်ပြီးအဝတ်အစားလဲတယ်
အင်္ကျီကိုတော့ညအိပ်ဝတ်စုံပဲတစ်ခါတည်းဝတ်လဲလိုက်တယ်
အင်ကျီလက်ရှည်ပန်းရောင်အပေါ်မှာမှအနီရောင်စက်တော်ဘယ်ရီလုံးလေးတွေနဲ့ဝမ်းဆက်ကိုဝတ်လိုက်တယ်
ထယ့် ကိုကြည့်ရတာတကယ့်စက်တော်ဘယ်ရီလုံးလေးအတိုင်းပဲဆံပင်ကတော့ခဲရောင်ဆိုးထားတယ်
အဝတ်အစားလဲနေတုန်းနေ့ခင်းကတွေ့ခဲ့တဲ့သူအကြောင်းပြန်တွေးမိသေးတယ်
ဒေါသထွက်စရာ ဘယ်လိုလူလည်းမသိဘူး လူကိုပိုင်စိုးပိုင်နင်းနဲ့နောက်တစ်ခါတွေ့ကြည့်တစ်ခါတည်းလက်သီးနဲ့ထိုးပစ်လိုက်မယ်
မနက်ဖြန်အလုပ်နားတာကြောင့်အိမ်မှာပဲချက်စားဖို့ပြင်လိုက်တယ်
ထမင်းအိုးတည်ဖို့ဆန်ဆေးနေရင်း
ဖုန်းသံကထမြည်လာတယ်
Tae hyung ဖုန်းကိုဖွင့်ကြည့်လိုက်တော့ခေါ်နေကြဖုန်းနံပါတ်တစ်ခု
ဖုန်းဖြေဆိုမည့်ခလုတ်ကိုနှိပ်လိုက်တယ်
"ဟလို""ဟလို"
"Tae hyung လား"
"Tae hyung ဟုတ်လေ ဘာလို့လည်းhyung"
"ဆေးရုံကိုခဏလောက်လာပေးလို့ရမလား"
"ကူညီပါဦးTaehyungရေ"
"ဆေးရုံတည်နေရာကိုပို့ပေးတာတယ်"
Tae hyung ဘာမှပြောခွင့်မရလိုက်ပဲတစ်ဖက်လူကဖုန်းချသွားတယ်
တစ်ဖက်လူကအရမ်းအရေးကြီးတဲ့အသံဖြစ်နေတာကြောင့်Taehyungတစ်ယောက်ညဝတ်အင်္ကျီအပေါ်မှာအညိုရောင်long coatကိုထပ်ဝတ်ပြီထွက်လာလိုက်တယ်
ပုံမှန်စကားပြောရင်တောင်အမြဲတည်ငြိမ်တတ်တဲ့
Yoongi hyung ကအရေးကြီးသုတ်ပြာဖြစ်နေတာကြောင့်taehyungစိတ်မပူပဲမနေနိုင်ပါ
ဆေးရုံကိုသာအမြန်ဆုံရောက်အောင်သွားလိုက်တယ်
Yoongi hyung ဆိုတာကလည်းထယ်နဲ့ညီအစ်တွေလိုနေလာတာဆယ်စုနှစ်တစ်ခုတောင်ရှိနေပြီမဟုတ်လား
Yoongi hyung မှာတော့မိသားစုရှိပါတယ်
အဖေကောအမေကောရှိတယ် ထယ်တို့လိုမိဘမဲ့မဟုတ်ဘူး
ဒါပေမယ့်yoongi hyung ကမိဘမဲ့တစ်ယောက်လိုရှင်သန်နေရတယ်
စခင်ခဲ့ကတည်းကမိသားစုအကြောင်းရင်ဖွင့်တာတို့ဘာတို့တစ်ခါမှမရှိခဲ့ဖူးဘူး
ထယ် တို့ဟာတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အမှိီအခိုပြုရင်းနေလာကြတာလေ
တစ်ယောက်ဒုက္ခရောက်နေရင်နောက်တစ်ယောက်ကအမြဲကူညီတယ်
"လူငယ်လေးပြောတဲ့ဆေးရုံရောက်ပါပြီဗျ"
YOU ARE READING
Tulip Kim 🌷
No Ficciónငယ်ငယ်တည်းကမိဘတွေဆုံးသွားလို့မိဘမဲ့ဂေဟာမှာကြီးပျင်းလာရတဲ့Kimtaehyung ချမ်းသားတဲ့မိသားစုကြီးရဲ့ဒုတိယမျိုးဆက်Jeon Jungkook (ficမှာရေးတဲ့စာသားများသည်idolတွေကိုထိခိုက်စေလိုခြင်းလုံးဝမရှိပါ)