အတန်သင့်ကျယ်သောခြံဝန်းလေးအတွင်း သစ်ပင်ပန်းမန်များဖြင့် စိမ်းစိုနေပြီး မိုးပြာရောင်လိမ်းသုတ်ထားသော နှစ်ထပ်အိမ်လေးက မြင်ရသူအပေါင်းအား မျက်စိအေးစေသည်။
ထိုအိမ်၏ဆည်းလည်းလေးတစ်ဖြစ်လည်းအငယ်ဆုံးသားလေး Park Wonbin မှာ ရပ်ကွက်ထဲမှလူများ၏အချစ်ခံလေးပင်။
ငယ်ငယ်တည်းကအနေအေးပြီး လိမ္မာတာကြောင့် လူအများချစ်ခင်ကြပြီး မိသားစု၏သည်းသည်းလှုပ်ကလေးဖြစ်နေတော့သည်။
သို့သော် ထိုကလေး၏ ဂျစ်တိုက်မှုအပေါင်းသောင်းခြောက်ထောင်အား မည်သူမှမသိကြပါသလို ချွဲတတ်လွန်းသောအတတ်ကလေးအားလည်း တစ်အိမ်သားလုံးကလက်မြှောက်အရှုံးပေးထားကြလေသည်။
" မေမေတို့နော် ကိုယ့်သားလေးဒီတစ်ယောက်ရှိတာကို ထားသွားကြမလို့လား "
" အော်...ကဲ Park Wonbin ရယ် အရေးကြီးကိစ္စရှိလို့အပြင်ခဏသွားမှာပါဟယ် တကတဲဖြစ်နေတာ "
" မသိဘူးဗျာ သားတစ်ယောက်တည်းကျန်ခဲ့ရမှာလေမေမေ ၊ ဖေဖေသားကို တစ်ယောက်တည်းထားသွားရက်တာလားပြော "
Parkအမျိုးသားကြီးခဗျာ ရယ်နေရုံသာတတ်နိုင်ပြီး မကြီးမငယ်နှင့်ကလေးလုပ်ချင်နေသူအား အသာပြုံးကြည့်နေရသည်။
" သားငယ် မင်း အစ်ကိုခဏနေဆိုပြန်ရောက်ပြီ ၊ မေမေတို့နောက်ကျနေလို့ အခုသွားမှရမယ် "
" သွားသွား အဲ့မှာ "
" အစ်ကိုကြီးကိုဆိုးမနေနဲ့အုံးနော် ဟိုကစာတွေလုပ်ထားရလို့ပင်ပန်းနေတာ အိမ်ပြန်ရောက်တုန်းနားပါစေ "
" သိပါပြီလို့ "
ထို့နောက်ခြံထဲမှမောင်းထွက်သွားသော ကားသံကိုကြားလိုက်ရပြီး Wonbin မိမိအခန်းရှိရာအပေါ်ထပ်သို့စာလုပ်ရန်တက်လာခဲ့လိုက်တော့သည်။
ညနေစောင်းအချိန်မို့အေးနေပြီး တစ်ခါတစ်ခါဖြတ်တိုက်သွားတဲ့လေနုအေးကြောင့် ခြံထဲမှ ပန်းနံ့သင်းသင်းကလည်းလူကိုကျီစား နေသည်။
သိပ်မကြာလိုက် Wonbin နားထဲခြံတံခါးဖွင့်သံကြားလိုက်ရသည်မို့ ပြတင်းပေါက်ကနေလှမ်းကြည့်တော့ ကိုကြီးက ကျောပိုးအိတ်တစ်လုံးလွယ်ကာဖြင့်ခြံထဲဝင်လာသည်။
