တစ်ရက်ပြီးတစ်ရက်ကုန်သွားခဲ့ပြီး Wonbin ကြိုးစားသည်ထက်ပို၍ စာကြိုးစားနေပေမယ့် တစ်ခါတရံ သူတကယ်လုပ်နိုင်ပါ့မလားဟုတွေး၍ ငိုင်နေတတ်သည်။
အစ်ကို့အကောင့်ကိုလည်းသူမရှာဖြစ်ခဲ့။အစ်ကို ကို့နေ့တိုင်းသတိရပေမယ့် ကိုကြီးဒိုဂျယ် ပြောသောစကားများကို ကြားယောင်နေမိတာကြောင့် ဘာမှကိုမလုပ်ဖြစ်ခဲ့။ဒါပေမယ့် သူအစ်ကို့ကိုတကယ်လွမ်းပါသည်။
" ရေးးး နောက်တစ်ချိန်ပြီးရင်ပြီးပြီ "
Wonbin နားထဲတွင် ဘာရန်း အသံကိုကြားလိုက်ရပြီး ထို့နောက်အခန်းထဲကကလေးများ၏အသံများဖြင့်ဆူညံ့လာတော့သည်။ဆရာအခန်းထဲကထွက်သွားပြီပဲ။နောက်ဆရာ မလာခင်အထိ ဆူညံ့သံတွေအခန်းထဲမှာပြည့်နေအုံးမည်ပင်။
Wonbin စိတ်ပျက်စွာပင် ဘေးပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုကြည့်လိုက်သည်။ မြင်ကွင်းက အေးစက်ပျင်းရိဖွယ်ကောင်းသည်။
အစ်ကို့အပြုံးလိုနွေးထွေးမနေ။
ဘုရားရေ သူအစ်ကို့အကြောင်းကိုတွေမိပြန်ပြီလား ဘာမှမဆိုင်ဘဲနဲ့လေ....
" Wonbin ရယ် ရုပ်ကဘာဖြစ်နေတာလဲ အီးမှန်ထားတဲ့ရုပ်နဲ့ "
" နင်ကလည်းဟာ သွားမေးနေသေးတယ် အဲ့တာရည်းစားပူမိနေတာ "
Wonbin မိမိရုပ်က ဘာရန်း ပြောသလိုဖြစ်နေလားမသိပေမယ့် ယခုဂန်ထယ်အိုက ကိုယ်နှင့်သူသာသိသော လျှို့ဝှက်ချက်ကိုဖော်လိုက်ပြီပင်။ တမင်မပြောဘဲထိန်ချန်ထားခြင်းမဟုတ်သော်လည်း ဘာကြောင့်ရယ်မသိ ဘာရန်းကိုပြောပြဖို့ဝန်လေးနေမိခဲ့သည်။
ထို့ကြောင့်စိတ်ပူသွားရကာ ထယ်အို ကိုလည်းအနည်းငယ်စိတ်တိုမိသွားသည်။
" ဂန်ထယ်အို "
" ဘာလဲ Park Wonbin "
သူတို့နှစ်ဦး၏အော်သံကြောင့် အတန်းထဲမှကလေးတွေအသံတိတ်သွားသည်။
ဆရာလည်းမလာသေးတာကြောင့် ရန်လိုနေသောနှစ်ဦးအား ကလေးတွေအကုန်အာရုံစိုက်ကာစိတ်ဝင်စားနေကြလေသည်။
" ဘာကြည့်နေတာလဲ မဟုတ်မှ သူတို့ရန်ဖြစ်မယ်လို့ထင်နေတာတော့မဟုတ်ပါဘူးနော် "
