5

109 12 1
                                    

- နိုးရင်ခေါင်းကိုက်နေလိမ့်မယ် အမူးပြေဟင်းရည်လေးသောက်ထား -

မနက်6နာရီလောက်က အစ်ကိုSeunghan ပို့ထားသောစာ။

ကျွန်တော်မျက်လုံးပြူးသွားပြီးလှဲအိပ်နေရာကငေါက်ကနဲထထိုင်တော့ ခေါင်းကချာချာလည်သွားသည်။

နိုးနိုးချင်းကအစ်ကို့ဆီမှစာပို့ထားတာတွေ့လို့ဝင်ကြည့်မိတာငါးပါးမှောက်တာပဲ။ညကအစ်ကိုအဲ့မှာရှိမနေဘူးလေ။ဒါဆို ဘယ်လိုလုပ်ပြီး ဘယ်လိုသိသွားရတာလဲ။

ညကမူးပြီးအိမ်ကိုဘယ်လိုပြန်ရောက်လာသလဲတောင်မသိ။လေးခွက်လောက်သောက်ပြီး အမူးသမားဖြစ်ခဲ့ရတာတွေးကြည့်ရင်တော့ ရင်နာစရာပဲ။

ပွယောင်းယောင်းဖြစ်နေသော ဆံပင်များကိုလက်ဖြင့်ထိုးဖွလိုက်ရင်း တိုင်ကပ်နာရီကိုကြည့်တော့ ဆယ်နာရီခွဲ။ အိပ်ရာမှထကာအခန်းပြင်ထွက်ခဲ့တော့ အောက်ရောက်သည်နှင့်မေမေကမျက်စောင်းနှင့်ဆီးကြိုသည်။

Wonbin မေမေ့ကိုသွားတန်းညီညီများပေါ်အောင်ပြုံးပြရင်း အတင်းသွားဖက်တော့ မေမေကငြီးငြီးငြူငြူဤသို့ဆိုသည်။

" အရပ်ကလန်ကလားနဲ့ ကလေးလုပ်မနေစမ်းနဲ့သားငယ်ရယ်..... ၊ အရက်နံ့တွေလည်းမွှန်နေတာပဲနော်ကိုတော် တစ်ခါတည်းရေမချိုးခဲ့ဘူး "

" မေမေကလည်း.... "

" စားပွဲပေါ်မှာအမူးပြေဟင်းရည်ချက်ထားတယ် မေမေခုပဲလာနှိုးတော့မလို့ပဲ "

" သားနိုးလာတာမေမေ ၊ အခုသွားသောက်လိုက်မယ် ၊ အား...ခေါင်းတွေမူးလိုက်တာ "

" မူးချက်သားတောင်နည်းသေးတယ် ဘယ်လောက်တောင် သောက်လာသလဲမှမသိတာ "

မေမေ့သားလေးခွက်သောက်ပြီးခေါင်းမထောင်နိုင်အောင်မူးသွားတဲ့အကြောင်းမပြောချင်တော့။ ပြောလည်းယုံမှာမဟုတ်တာသေချာသည်။

" သားအစ်ကိုကစိတ်ပူနေတာ မနက်ကျသားကိုအမူးပြေဟင်းရည်လေးချက်ပေးလိုက်ပါအုံးတဲ့လေ ညကလည်းသူပဲ သားအခန်းထိချီခေါ်ပေးသွားတယ် "

Wonbin ထမင်းစားခန်းဘက်လှမ်းနေသည့်ခြေလှမ်းတွေ မေမေ့စကားကြောင့် ရပ်တန့်သွားသည်။

MEMORY Where stories live. Discover now