Wonbin အမှန်တကယ်ပဲ Soul uni မှာဝင်ခွင့်အောင်ခဲ့ပြီး အစ်ကိုနဲ့နီးစပ်ဖို့ ခြေလှမ်းတစ်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
သူနှင့်အတူ ဟိုအမွှေစိန်နှစ်ကောင်ပါ ပါခဲ့ပြီး သုံးယောက်သားတစ်မေဂျာတည်းတက်ဖြစ်ကြသည်။ဘယ်လိုဟာတွေလဲမသိ တက္ကသိုလ်ထိ Wonbin ကိုစိတ်ဒုက္ခလိုက်ပေးကြဦးမည်။
Wonbin စိတ်အချဥ်ပေါက်ပြီး 'မင်းတို့ရည်မှန်းချက်မရှိလို့ ငါတက်တာလိုက်တက်တာလား' ဟုမေးတော့ Wonbin ကသာရည်မှန်းချက်ပျောက်သူဖြစ်ရသည်။
ထယ်အိုကလည်း သူ့အိမ်ကလုပ်ငန်းတွေအတွက် အိမ်ကတက်ခိုင်းလို့တက်ရသည်။ဘာရန်းကလည်း စီပွားရေးနားလည်ထားမှ သူကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်နိုင်မည်တဲ့။
ကဲ....ဒီတော့ ကျွန်တော်ကပဲအားယားနေလို့လာတက်နေတာလိုလို။
သူတို့အကြောင်းပြချက်နဲ့သူတို့တော့ဟုတ်နေတာပဲ။ကျွန်တော့်ကိုတောင်နှစ်ယောက်သားကပြန်ပြောလိုက်ကြသေးသည်။'ရည်မှန်းမရှိတာနင်ပဲရှိတယ်'တဲ့။
မဟုတ်တာ...။ကျွန်တော့် ရည်မှန်းချက်ကအစ်ကိုလေ။အစ်ကို့ကြာင့်ပဲ ကျွန်တော်ဒီထိရောက်အောင်ကြိုးစားခဲ့တာကို။
" ကလေးတွေ စောင့်နေတာကြာသွားလား ၊ အစ်ကိုအိပ်ယာထနောက်ကြသွားလို့ "
" ရတယ်အစ်ကို မကြာသေးပါဘူးခုနမှရောက်တာ "
အိုခေလေ...။ Wonbin ကခုမှရောက်တာဆိုတော့လည်းခုမှပေါ့။ တစ်နာရီလောက်စောင့်ခဲ့ရတာကိုမရှိသလိုပဲထားလိုက်တာပေါ့။
အစ်ကိုကြီးSeunghan ကိုကြည့်လိုက် ဟိုဘက်ကြည့်လိုက် သူ့အစ်ကိုကိုပြန်ခိုးကြည့်လိုက် မျက်နှာလွှဲလိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသော Wonbin ကိုကြည့်ရင်းထယ်အို ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။ဘေးမှဘာရန်းကတော့ မထိန်းနိုင်စွာ ရယ်သံထွက်လာသေးသည်။
" လာ..... အစ်ကိုမနက်စာဝယ်ကျွေးမယ် "
Wonbin လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ မနက်စာဝယ်ကျွေးမယ်ပြောနေသောအစ်ကိုကြီးကို Wonbin ကကြောင်ကြည့်နေပြီးဘာမှပြန်မပြောတာမို့ ထယ်အို ကသာအဖြေပြန်ပေးနေရသည်။
![](https://img.wattpad.com/cover/364248949-288-k506386.jpg)