6

98 7 1
                                    

လေနှင့်အတူလွင့်မျောနေသော ဆံနွယ်များမှ ‌ခပ်သင်းသင်းခေါင်းလျှော်ရည်နံ့ကိုရသည်။ကျွန်တော် မျက်စိမှိတ်ကာတဝကြီးရှုရိုက်မိတော့ အစ်ကို့ကိုယ်သင်းနံ့ကပါ နှာခေါင်းထဲကူးလူးရောက်ရှိလာသည်။

‌တစ်လမ်းလုံးချယ်ရီပင်မှပွင့်ဖက်တို့က ကြွေကျနေပြီး ပန်းရောင်အဖြစ်သို့ရောက်ရှိနေသောလမ်းမကြီးက အမြင်အာရုံကိုပါမက စိတ်နှလုံးသားထဲအထိ နွေးထွေးမှုကိုပေးစွမ်းလေသည်။

ကျွန်တော့်လက်တွေ အစ်ကို့ခါးပေါ်မှာရှိနေပြီး အစ်ကိုလက်တစ်ဖက်က ကျွန်တော့်လက်တွေကိုပြန်လည်အုပ်ကိုင်ထားကာ ဆိုင်ကယ်ကို ပုံမှန်အတိုင်းသာမောင်းနှင်နေသည်။ ကျွန်တော်တို့အတူရှိနေကြသည်။ ကျွန်တော်နဲ့ အစ်ကိုSeunghan နှစ်ယောက်တည်း....။

အစ်ကို့ကိုမြင်တိုင်း ဝုန်းတိုင်းကြဲကာဆောင့်ခုန်သောနှလုံးသားသည် ယခုအခါတွင် သူမတူစွာ ငြိမ်ငြိမ့်ကလေးစီးဆင်းနေသည်။

ချယ်ရီပန်းတွေနဲ့သာပြည့်နက်နေတဲ့လမ်းမသွယ်ကြီးရယ် ၊ ဖြတ်တိုက်သွားတဲ့လေနုအေးတွေမှတစ်ဆင့် ရမိတဲ့အစ်ကို့ကိုယ်သင်းနံ့လေးရယ် ၊  အစ်ကိုရယ် ၊ ကျွန်တော်ရယ် ၊ ခံစားချက်အပိုင်းအစလေးတွေရယ် ၊ ကျွန်တော် ဒီအခြေအနေလေးပျောက်ကွယ်သွားမှာကိုပင်ကြောက်မိလာသည်။

ထိုအချိန်တွင် ဆိုင်ကယ်ရပ်သွားပြီး အစ်ကိုကနူးညံ့နွေးထွေးစွာပြုံးပြရင်း 'ရောက်ပြီ' ဟုပြောသည်။

မျက်စိတစ်ဆုံး ချယ်ရီပန်းပင်တွေနှင့်သာပြည့်နက်နေပြီး ပန်းပွင့်ဖက်လေးတွေဟာ ယခုထိကြွေကျနေဆဲ။ 'လှလိုက်တာ' ဟုအကြိမ်ကြိမ်ရေရွတ်မိရင်း ကျွန်တော် ငေးနေမိတာဟာ ပန်းတွေမဟုတ်ဘဲ အစ်ကိုမျက်နှာဆီသာဖြစ်နေပါတယ်။

" အစ်ကို.... "

ကျွန်တော်တိုးတိမ်စွာခေါ်တော့ အစ်ကိုက ကျွန်တော့်ဆံပင်လေးများကိုဆွဲဖွရင်း နွေးထွေးစွာပြုံးပြန်ပြန်ပါတယ်။ ခါတိုင်းလည်း အစ်ကိုကရက်ရောတယ်ဆိုပေမယ့် အစ်ကို့အပြုံးတွေ ဒီနေ့မှပေါသီနေသလို။ ထိုအချိန်အတွင်း အစ်ကို့ပေါ်ထားတဲ့ ကျွန်တော့်ချစ်စိတ်တွေ တစ်ဖွားဖွားပေါ်ပေါက်များပြားလာတာများ အစ်ကို့ရင်ခွင်ဆီပြေးမဝင်မိဖို့ သတိချပ်နေရပြန်ပါတယ်။

MEMORY Where stories live. Discover now