မကောင်းဆိုးဝါးနှိမ်နှင်ခြင်းအဖွဲ့ချုပ်(2)

3 0 0
                                        

         "ကောင်းပြီလေနာမည်တွေကစပြောတာပေ့ါ သူရိန်စက္ကြာ ဟိုကဦးသိန္ခ"
         "မေမျက်ဝန်း"
         နာမည်မိတ်ဆတ်ပြီးနောက်ဦးသိန္ခဆိုသူမှဧည့်မုန့်လာချပေး၍နှစ်ဦးသားခဏလောက်ငြိမ်မေသည်။အပြင်ပိုင်းတွင်သာမေမျက်ဝန်းငြိမ်နေသည်စိတ်တွင်လှုပ်ရီားနေမိသည်။ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်မိသည်။နေရာသည်။တော်တော်တော်ခန်းငြားသည်။ထိုနောက်နာမည်ဆန်းနဲ့သူရိန်စက္ကြာဆိုသူကိုကြည့်နေမိသည်‌။
          သူ့ပုံသည်ခန်းငြားသည်။ဩဇာရှိသည့်အမျိုးသားတစ်ဦးဖြစ်မည်။မျက်လုံးတို့မှာစူးရှလွန်းလှသည်။သို့သော်ထိုလူသည်ဗမာစစ်ဆိုသည်မှာမသေချာ။နိုင်ငံခြားသားတစ်ဦးလည်းမပြောနိုင်။သူ၏မြန်မာသံအသုံးအနှုန်းကြောင့်ဖြစ်သည်။အသားရေသည်ပြင်သစ်လိုဖြူဖွေးသည်။ဆံပင်နှင့်မျက်လုံးတို့သည်ရွှေအိုရောင်ရှိသည်။အသံသည်ဩရှရှဖြင့်ခန္ဓာကိုယ်သည်တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်သည်။အထူးသဖြင့်ထူးဆန်းသည်မှာသူစီမှရသည့်ပိတောက်နံဖြစ်သည်။
          "မင်းဘာလို့ငါကိုစားတော့မယ်ပုံစံနဲ့ကြည့်နေတာလည်း"
          "ရှင်မဟုတ်ပါဘူး ကျွန်မ..."
          "ဟင်း"
          "ရှင်ကဘာပြုံးတာလည်းကျွန်မကိုပြောစရာရှိတာတွေမပြောတော့ဘူးလား"
          စက္ကြာသူမကိုရယ်ချင်မိသည်။သူမလိုကောင်မလေးကတတိယမျက်လုံးပိုင်ရှင်တဲ့လားဟုတွေးနေမိသည်။တတိယမျက်လုံးရှိလို့သူ့အသက်ရှင်တယ်ပြောရမလားဒီတလောသူမသေတာကံကောင်းတယ်ပြောရမလားမသိပေ။အိမ်ကိုစရောက်ထဲကအပြင်ဘက်ကိုကြည့်နေသည်ခုလည်းသူကိုစားတော့မည့်အတိုင်းပြူးကြည့်နေသည်။အမှန်တိုင်းပြောရလျှင်သူမလိုလူသည်တတိယမျက်လုံးမရသင့်ပေဟုစက္ကြာထင်သည်။
         "ဘာမှမဟုတ်ပါဘူးဒီတိုင်းရယ်မိတာပါမင်းစမေးလေငါပြောပြမယ်"
         "ကောင်းပြီလေ အင်း ရှင်ကဘယ်သူလည်း"
         "ခုဏကပြောပြီးပြီလေ"
         "အပြည့်စုံကိုပြောတာပြီးတော့ကျွန်မ မှတ်မိသလောက်ဆိုအဲ့နေ့ကရှင့်ကိုကျွန်မခဏခဏတွေ့နေရတယ့်အကြောင်းအရင်းပြီးတော့ရှင်ကနတ်ဆရာဆိုတာရယ်"
          "ကောင်းပြီးလေမင်းမှာမေးစရာများသားပဲအဲ့တော့‌ကော်ဖီသောက်ပြီးအေးဆေးနားထောင်ပေါ့အဲ့အကြောင်းတွေက‌ရှည်တယ်ပြီးတော့သာမာန်ဆိုငါပြောရမှာတွေမကြိုက်ပေမယ့်လည်းငါ့မှာတာဝန်ရှိတော့"

တတိယမျက်လုံးWhere stories live. Discover now