Part 3

210 21 8
                                    

Scroll for Zawgyi

Unicode

"ကျွန်တော်လည်း ဟောပြောပွဲကို သွားနားထောင်မလို့ လိုက်ပို့ပေးပါ့မယ်"

ဂျောင်းဂုစကားကြောင့် ထယ်ယောင်းကြောင်သွားရသည်။ အဆောင်ပြန်မှာမို့ သူခေါ်လာပေးခဲ့ရတာကို။

"မင်း အဆာင်ပြန်မလို့ လုပ်နေတာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ ကျွန်တော်ထီးသွားယူမလို့"

"စောစောကမပြောဘူး အဲ့တာဆို တန်းသွားမှာပေါ့ အခုတော့ အချိန်တွေကြာကုန်ပြီ ပွဲတောင်ပြီးပြီးလားမသိဘူး ငါ့ကိုတော့ သတ်တော့မှာပဲ"

နှုတ်ခမ်းကို ထော်ကာ တစ်ယောက်ထဲစကားပြောနေတာလား သူ့ကိုမကျေနပ်တာလားမသိတဲ့ အစ်ကို့ကိုကြည့်ပြီး ဂျောင်းဂုပြုံးမိသွားသည်။ သူ့ထက် အသက်ကြီးလို့သာပဲ...
ချစ်စရာတော့ အတော်ကောင်းသည်။

"လာပါ အခုသွားလည်း မီတာပဲကို "

ဂျောင်းဂုပြောရင်း လက်ကိုဆွဲလိုက်တော့ မျက်ဝန်းညိုညိုလေးများ ပြူးနေအောင် ဂျောင်းဂုကို အလန့်တကြားကြည့်လာသည်။
ထယ်ယောင်းက တကယ်ဘာလေးလဲ။

"ဂျောင်းဂု "

"ပြောလေ အစ်ကို"

သူလက်ဆွဲလိုက်တာကို မကြိုက်တာလား!
အရမ်း ရဲတင်းသလိုများ ဖြစ်သွားလို့လား !

"ငါ ခုနက ဖင်ထိုင်ရက်လဲကျတာ လက်မဆေးရသေးဘူး"

"ဘာမှမဖြစ်ပါဘူး အစ်ကို့လက်ပဲဟာ ဘာပဲပေပေ အတင်ပြေပါတယ်"

"မင်းက တကယ်ချစ်စရာလေး သိလား"

"ပထမကတော့ ငတုံးဆို"

"အဲ့တာလည်း ချစ်စရာကောင်းလို့ပါ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အူလည်လည်ကြည့်နေလို့ စိတ်မဆိုးနဲ့"

စိတ်ဆိုးဖို့နေနေသာသာ အဲ့လိုခေါ်သံလေးကို ခဏခဏကြားချင်မိကြောင်းကိုတော့ ဂျောင်းဂု နောက်ပိုင်းမှ ပြောပြပါတော့မည်။

"ဒါနဲ့ အစ်ကိုကဘယ်သူ့ဆီလာတာလဲ"

ဂျောင်းဂုတို့ ခန်းမထဲရောက်တော့ ပွဲမပြီးသေး။အမှန်တော့ သူမလာချင်ပါ ။အစ်ကိုနဲ့ ခင်မင်ရင်းနှီးမှုလိုချင်လို့သာ လိုက်လာတာဖြစ်သည်။ ဂျောင်းဂုက ငယ်ငယ်လေးထဲ မိုးရေကို မကြိုက်။ အထူးသဖြင့် မစိုတစိုနေရတာမျိုးကို ပိုမကြိုက်ပါ။

Honey Brown( Hiatus)Where stories live. Discover now