Unicode
ဂျောင်းဂု အပြန်လမ်းမှာ မာမီကြိုက်တဲ့ ကိတ်မုန့်ဆိုင် တွေ့တာမို့ စတော်ဘယ်ရီကိတ်တစ်လုံး ဝယ်လာပေးလိုက်သည်။
ထိုင်နေကျ နေရာကို တွေ့လိုက်တော့ သူ့ရင်ထဲဆို့တက်လာသည်။
အဖြစ်အပျက်များက မြန်လွန်းလှသလို အမှတ်တရတွေဟာ ခေါင်းထဲ စီစီရီရီဝင်လာသည်။ဒီဆိုင်မှာ ကိုကိုနဲ့အတူ မေမေ့အတွက် ကိတ်ဝယ်ပေးရင်း သူ့ကို အမြဲ ချိစ့်ကိတ်ဝယ်ပေးနေကြ။
အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်းဘယ်သူမှ မရှိတာမို့ကိတ်မုန့်ကို စားပွဲခုံပေါ်၌သာ တင်ထားပေးလိုက်သည်။
ရေချိူးပြီး အိပ်ရာထဲလှဲမိတော့ အစ်ကိုကခေါင်းထဲရောက်လာသည်။
အစ်ကို့ကို သူချစ်သည်။မျက်နှာလေးကို အမြဲတွေ့ချင်ပြီး အပြုံးလေးကိုလည်း သူသာကြည့်ချင်သည်။
အစ်ကိုပြောနေကျ ကောင်လေးဆိုတာ ဘယ်သူလဲလို့ စဥ်းစားမိတော့ ဒေါသကထွက်လာသည်။"အစ်ကိုက သဘောကျနေတဲ့သူရှိတာလား"
ဂျောင်းဂု တွေးမိရုံနဲ့တင် ဒေါသထွက်လာသည်။
"သား"
ဂျောင်းဂု အဲ့အကြောင်းပဲ တွေးနေမိတာ မာမီဝင်လာသည်ကိုပင် သတိမထားမိလိုက်ပါ။
"သား စားပွဲပေါ်က ကိတ်မုန့်က ဘာလုပ်တာလဲ"
"မာမီ့အတွက်"
"မာမီ့အတွက်လား ဟုတ်လား"
မာမီ့မျက်ဝန်းထဲမှ မျက်ရည်များစီးကျလာသည်။
သေချာပြန်တွေးကြည့်တော့ ဂျောင်းဂုလည်း စိတ်မကောင်းမိ။
သူ့ကြောင့် သားတစ်ယောက်လုံး ဆုံးရှုံးထားရတဲ့အထဲ ကျန်တဲ့သားကပါ အဖက်မလုပ်တော့ မာမီတို့ ဘယ်စိတ်ချမ်းသာပါ့မလဲ။"မငိုပါနဲ့ မာမီ"
"မာမီ ဝမ်းသာလို့ပါ "
"ကျွန်တော် မာမီနဲ့ဒယ်ဒီကို ပစ်ထားသလို ဖြစ်သွားလား"
"မာမီတို့အဲ့လိုမတွေးပါဘူးကွယ် သားသာ ကိုယ့်စိတ်ကို သေချာလေး ကုစားနော်"
"ဟုတ်ကဲ့"
"ခေါင်းကလည်း ရေစိုကြီးနဲ့ မသုတ်ဘူး အအေးမိမယ် လာ မာမီသုတ်ပေးမယ်"