Scroll for Zawgyi font
Unicode"ရုပ်ရည်ကတော့ နောက်စရာမဟုတ်ဘူးပဲ"
ယွန်ဟီးရဲ့ အပြောကို ဂျောင်းဂုက ခက်စူးစူးအကြည့်တစ်ချက်နဲ့သာ တုန့်ပြန့်သည်။ ယွန်ဟီးကတော့ ဂျောင်းဂု ဘယ်လောက်ထိ သဝန်တိုတတ်မှန်း သိတာမို့ ဇက်ကလေး ပုသွားသည်။
"ငါဘာလုပ်ရမှာလဲ"
"နင့်ပုံစံကိုပြောင်းရမယ်"
"ဘယ်လို"
"ဘာလို့လဲ အဆင်မပြေဘူးလား"
ဂျောင်းဂုကဘာလို့ ပြောင်းလဲရမှာလဲ !
သူက ဒီအတိုင်း နေတာတောင် ချောနေပြီးသားပဲကိုလေ !"ရုပ်ကိုပြောတာမဟုတ်ဘူး စတိုင်လ်ကိုပြောင်းရမှာ နင့်ရုပ်က ငါတို့ကျောင်းမှာ အချောဆုံးပေမဲ့ သူ့မျက်စိထဲမှာ ကလေးနဲ့ တူနေမှာ ညီလေးတစ်ယောက်လိုပေါ့"
"ငါ ညီလေးမလုပ်ဘူး"
"ငါကတော့ နင့်ရဲ့ ဝတ်ပုံစားပုံ နေပုံထိုင်ပုံကို ပြောင်းစေချင်တယ် လူငယ်ဆန်ဆန်ထက် ဟိုအစ်ကိုကြီး အားကိုးလို့ရမဲ့ ပုံမျိုးပေါ့"
"တော်ပါပြီ ငါပုံစံအတိုင်းပဲ ငါနေမယ် ငါ့ပုံစံကိုပဲသူချစ်လာအောင် လုပ်မယ် မပြောင်းလဲနိုင်ပါဘူး"
"အေးပါ ဂျောင်းဂုရယ် စိတ်မဆိုးပါနဲ့ ငါက ဒီအတိုင်း အကြံပေးတာပါ"
"ရတယ်"
ဂျောင်းဂု ပြောပြီး ကျောင်းကန်တင်းဘက်ကိုသာ ထွက်လာလိုက်သည်။
သူရဲ့ နေ့ရက်တွေဟာ အစ်ကိုနဲ့တွေ့မှ ပိုပြီး အဓိပ္ပာယ်ရှိလာသလို ခံစားရသည်။
ပုံမှန်ဆို စာပဲလုပ်ကာ အချိန်တန် ထွက်သွားရမဲ့ လူတစ်ယောက်လို နေထိုင်ခဲ့ပေမဲ့ အစ်ကိုနဲ့တွေ့ပြီး နောက်ပိုင်း အနာဂတ်ကို တဖြည်းဖြည်း ပုံဖော်ဖြစ်လာသည်။ယွန်ဟီးပြောတာကို ပြန်တွေးကြည့်တော့ မှားတော့လည်း မမှားပါ။ အစ်ကိုက သူ့ကိုတွေ့တိုင်း ကလေးလို ဆက်ဆံသွားတတ်တာကိုတော့ ဂျောင်းဂုမကျေနပ်။
အစ်ကိုသူ့ကို မသိချင်ယောင်ဆောင်ပြီး နောက်ပိုင်း သူအိမ်ကကားနဲ့မပြန်ဖြစ်တော့။ အိမ်ကိုတော့ ကိစ္စရှိလို့ ဟုသာ ပြောထားလိုက်သည်။ ဂျောင်းဂု ညနေတိုင်း အစ်ကို့ကို စတင်တွေ့ခဲ့တဲ့ နေရာကို သွားဖြစ်သည်။