Unicode
ဂျောင်းဂု မနက်ပိုင်းကျောင်းသွားရမှာမို့ ရေမိုးချိုးပြီးကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်လိုက်သည်။ ဆီလိမ်းတာတောင် မနိုင်တဲ့ဖွာနေတဲ့ လှိုင်းပါတဲ့ဆံပင်တွေက သူ့နဖူးထက် ခပ်ဝဲဝဲ။
အဝေးမှုန်ဖြစ်တာမို့ မကြာသေးမီက လုပ်ထားတဲ့ မျက်မှန်က သူ့မျက်လုံးဝိုင်းဝိုင်းများကို ဖုံးကွယ်ထားသည်။
ထိုအရာတွေပေါင်းစပ်ပြီးမှ ဖြစ်တည်လာတဲ့ သူ့မျက်နှာချောချောကို တစ်စုံတစ်ယောက်ကတော့ အူကြောင်ကျားလေးတဲ့။အဝေးမှုန်ဖြစ်တာမို့ အနီးကပ်မြင်လိုက်ရသည့် မျက်ဝန်းလှလှတွေကိုတော့ သူသေချာပေါက်မြင်ခဲ့ရပါသည်။
ထီးကိုလည်း ပြန်မပေးချင်တာမို့ သူဘတ်စ်ကားဂိတ်နားတွင် ထိုလူကို သွားမရှာမိပါ။ သို့ပေမဲ့ ပိုင်ရှင်ကတော့ သူ့ထီးလေးကို မျှော်နေပုံရသည်။ ညတိုင်း ပျားရည်ညိုရောင်မျက်ဝန်းတွေက သူ့အိပ်မက်ထဲထိရောက်ရောက်လာသည်လေ။"သား မနက်စာစားသွားဦးနော်"
"ဟုတ်ကဲ့"
ပြောင်လက်နေတဲ့ လှေကားကိုဖြတ်ကာ မီးဖိုဆောင်ထဲ ဝင်သွားတော့ မာမီနဲ့ဒယ်ဒီက ထမင်းစားပွဲမှာ ထိုင်စောင့်နေကြသည်။
"သား Goodmorning"
"Morning ဒယ်ဒီ"
ဂျောင်းဂုရဲ့ အဖြေကြောင့် ဒယ်ဒီက သိသိသာသာမျက်ခုံးပင့်သွားသည်။
"ဒီနေ့ ဒယ်ဒီတို့ ကိစ္စရှိလို့ လာကြိုတာ နည်းနည်းနောက်ကျမယ်သား "
"လာမကြိုပါနဲ့"
"သားဘာသာ ပြန်လာခဲ့ပါမယ်"
"ဘာလို့လဲ"
"ဟိုတလောကပေးသွားတဲ့ ထီးပိုင်ရှင်ကို ပြန်ပေးမလို့ပါ"
"ကောင်းတာပေါ့ ဒါဆိုလည်း မုန့်ဖိုးပိုယူသွားနော် ထီးလည်းအပိုဆောင်သွားဦး ရာသီဥတုတွေက မူမမှန်ဘူးသား"
"ဟုတ်ကဲ့"
ထီးပြန်ပေးမယ်ဆိုတာဟာ အကြောင်းပြချက် သက်သက်သာဖြစ်ပြီး သူ့လွယ်အိတ်ထဲတွင်လည်း ထီးနဲ့ပတ်သက်တာ တစ်စုံတစ်ရာ မပါပါ။
ဂျောင်းဂုရဲ့ ရည်ရွယ်ချက်က ထိုလူကို တွေ့ဖို့သာဖြစ်ပြီး မျက်နှာလေးကို မြင်ချင်ရုံသာဖြစ်၏။