Unicode
ဂျောင်းဂု ထယ်ယောင်းဆီသို့ မသွားဖြစ်သည်မှာ အချိန်အားဖြင့် တစ်ပတ်ခန့်ရှိလေပြီ။ မသွားဖြစ်တဲ့ရက်တွေအတွင်းမှာလည်း ဂျောင်းဂုမှာမအားလပ်...စာလည်းလုပ်ရင်း အစ်ကိုနဲ့အတူဖြတ်သန်းမဲ့ အနာဂတ်ကိုလည်း ပုံဖော်ရင်းဖြင့်သာ။ဂျောင်းဂု အစ်ကို့ဆီသို့ တိုက်ရိုက်မသွားပေမဲ့ အမြဲအစ်ကို့ကိုတော့ စောင့်ကြည့်ဖြစ်ပါသည်။ အစ်ကို့ကတော့ သူ့ပုံစံအတိုင်း ပြုံးပြုံး ရွှင်ရွှင်ပင် ။ သူမလာလို့ ပို၍ပင် ပျော်နေသည်လို့တောင် ထင်ရသေးသည်။
ဒီနေ့တော့ ဂျောင်းဂုမနေနိုင်တော့။ ကျောင်းဆင်းရင် အစ်ကို့ဆီသို့ ဝင်ရမည်။
အစ်ကို့ဘက်က ဘယ်လိုအဖြေပေးသည်ဖြစ်စေ သူလက်ခံနိုင်ဖို့ ကြိုးစားပါမည်။
ညီလေးတစ်ယောက်လိုပဲ နေစေချင်လည်း သူနေပေးမည်။
ဘာလို့ဆို သူ့ရည်မှန်းချက်က အစ်ကို့အနားတွင် ရှိရန်သာဖြစ်သည်။ထယ်ယောင်း ဂျောင်းဂုကို မတွေ့ရတာကြာပြီဖြစ်သည်။ သူသတိရပေမဲ့ တွေ့လည်းမတွေ့ချင်သေးပါ။ သူက ဂျောင်းဂုကို ကလေးတစ်ယောက်လိုသာ ချစ်ပေမဲ့ ထိုကလေးကတော့ သူ့ကိုအဲ့ထက်ပိုပါသည်တဲ့။
သို့ပေမဲ့ သူအဲ့နေ့က ဂျောင်းဂုကို ပြင်းပြင်းထန်ထန် မဆက်ဆံခဲ့သင့်တာတော့ အမှန်ပင်ဖြစ်သည်။စိတ်ဒဏ်ရာ ရသွားလေမလား...။
"ထယ်ယောင်း ညနေကျ တူတူပြန်မယ်နော်"
"အင်း မုန့်ပါစားကြတာပေါ့"
ဟျွန်းဘင်ကသူနှင့်အတူ intern အောင်ခဲ့သည့် သူငယ်ချင်းပင်။ တက္ကသိုလ်အတူတက်တဲ့ ကျောင်းနေဖက်လည်း ဖြစ်သည်။
ထယ်ယောင်းက အိမ်ပြန်တာ အတိအကျမရှိပေ။ တစ်ခါတလေ ဟျွန်းဘင်နဲ့ အတူပြန်ပြီး မုန့်ဝင်စားတတ်သည်။ တစ်ခါတလေကျ အစ်ကိုဆော့ဂျင်ဝင်ခေါ်တာနဲ့ အတူပြန်တတ်သည်။ အခုနောက်ပိုင်းတော့ ဂျောင်းဂုနဲ့ အတူပြန်နေကြပေမဲ့ ဂျောင်းဂုမှာ ပေါ်မလာတော့။
ဟျွန်းဘင်နဲ့အတူ ထယ်ယောင်းလျှောက်လာတော့ ဟျွန်းဘက်က ထယ်ယောင်းပုခုံးကို ဖက်ပြီး စကားစသည်။
"ထယ်ယောင်း အလုပ်က အစ်မက မင်းအကြောင်းတွေ ခဏခဏလာမေးတယ်သိလား"