မချစ်လို့မှမဟုတ်တာ- 2

181 16 8
                                    

​ရှောင်းကျန့် မနက်မိုးလင်း ငါးနာရီဆိုတာနဲ့ ထမင်း​ပေါင်းအိုး​ဆေးပြီးဆန်​ဆေးကာ ထမင်းထချက်ရသည်ပြီးတာနဲ့ တစ်အိမ်လုံး တံမြက်စည်းလှည်းပြီး ​အဝတ်​တွေကို ​နေပူထဲထုတ်လှမ်းရသည် အကုန်ပြီးစီးသွားပြီဆိုမှ ​ကျောင်းသွားဖို့အတွက် ​ရေမိုးချိုးအဝတ်အစားလံပြီး ထမင်းချိုင့်ထည့်ဖ်ု့နဲ့အိမ်မှာစားဖို့ ​ရေခဲ​သေတ္တာထဲကဟင်း​နွှေးလိုက်သည်

မနက်စာက​တော့ မ​နေ့ကထမင်းကြမ်းမကျန်တာ​ရော ရှိတဲ့​ပေါင်မုန့်က ညကသူစားလိုက်တာ​ကြောင့် ဒီ​နေ့​တော့ ဗိုက်​ဟောင်း​လောင်းနဲ့သွားရ​တော့မည်

​တော်​သေးတာက အ​ဒေါ်က ​ကျောင်းသွားတိုင်း မုန့်ဖိုးတစ်​​နေ့ ၅ယွမ်​ပေးတယ်​လေ မ​ပေးတဲ့​နေ့​တွေလဲရှိပါတယ် ​ရှောင်းကျန့်က​တော့ ရသမျှမုန့်ဖိုး​လေးကိုဘူးထဲအကုန်စုထားတယ်

​ကျောင်းသွားဖို့ လွယ်အိတ်ယူဖို့ သူ့အခန်းထဲဝင်လိုက်ပြီး စားပွဲ​ပေါ်ကလ့ယ်အိတ်​လေးကို​ကောက်လွယ်လိုက်သည်

"အင့် မာမားး အဟင့် အဟင့်"

က​လေးငိုသံ​လေးကြားမှသူသတိရသည် ငယ်ငယ်ရှိ​​သေးတာပဲ ငယ်ငယ့်ကိုသူ​ခေါ်လာခဲ့တာ သူ​ကျောင်းသွားလို့ သူ့ကိုမ​တွေ့ရင်ငယ်ငယ်ကငို​နေ​တော့မှာ ပြီတော့​ဒေါ်​လေးက ငယ်ငယ့်ကိုသိတာမဟုတ်ဘူး

အ​တွေးနဲ့အတူ လွယ်ထားတဲ့လွယ်အိတ်​လေးကိုပြန်ချပြီး ငယ်ငယ်အိပ်​နေတဲ့အနားကိုတိုးသွားလိုက်သည်

"ကျွတ်ကျွတ်ကျွတ် ပြန်အိပ်​နော်က​လေး​လေး ကိုကိုရှိတယ်"

တင်ပါး​လေးကိုဖြည်းဖြည်းပုပ်ပြီးသိပ်လိုက်​တော့ငယ်ငယ်က သူ့လက်​သေး​သေး​လေး​တွေနဲ့ ​ရှောင်းကျန့်လက်ကိုဖမ်းဆွဲပြီးပြန်အိပ်​ပျော်သွားသည်

သူ့မှာ ပါးစပ်​လေးဟကာအိပ်​ပျော်​နေတဲ့ ဒီက​လေး​ပေါက်က​လေးကိုကြည့်ပြီး နှုတ်ခမ်းအထက် အပြုံး​တွေဆင်မြန်းမိသည်

​ဖောင်း​ဖောင်းအိအိ​လေးဖြစ်နေတဲ့ငယ်ငယ်ပါး​​ဖွေး​ဖွေး​လေး​တွေကို သူ့လက်ညှိုး​လေးနဲ့အသာပွတ်ပြီး အနမ်း​တွေစွန့်ကျဲလိုက်သည်

မချစ်လို့မှမဟုတ်တာWhere stories live. Discover now