မချစ်လို့မှမဟုတ်တာ 5

151 20 15
                                    

"​ရှောင်းယွင် ဘယ်မလဲ ထွက်လာခဲ့စမ်း"

အိမ်​ရှေ့က​မိန်းမကြီးတစ်​ယောက်ရဲ့ အော်​ခေါ်သံ​ကြောင့် ​ဒေါ်​လေးက​ ခြံ​ရှေ့ကိုအ​ပြေး​လေး​ပြေးထွက်သွားသည်

​ရှောင်းကျန့်က​တော့ ​နေ့လည်ကရန်ဖြစ်ပြီးပြန်လာကတည်းက ငယ်ငယ်နဲ့အတူ​နေ့လည်စာစားပြီး အိမ်ထဲမှာပဲ ကားအရုပ်​​တွေ စက်ရုပ်​တွေနဲ့​ဆော့​နေခဲ့သည်

​ဒေါ်​ရှောင်းယွင် ခြံ​တံခါးရှေ့​​ရောက်​တော့ သူ့ကိုမျက်ဝန်းနီနီ​တွေနဲ့ကြည့်​နေသည့် အဖွားလီ​ကြောင့် အနည်းငယ်လန့်သွားခဲ့သည် အဖွားလီဆိုတာက ​ရှောင်းယင်တို့ငယ်ငယ်ကတည်းက ရပ်ကွက်ထဲမှာ ဆက်ဆံ​ရေးအရမ်းဆိုးရွာသည်ဟု​ပြောစမှတ်တွင်တဲ့သူတစ်​ယောက် ​ယောကျ်ားဖြစ်သူက မြို့နယ်ဝန်ကြီးဖြစ်သည့်အပြင် အခုသားဖြစ်သူကပါရပ်ကွက်အုပ်ချုပ်​​ရေးမှူးတစ်​ယောက်ဖြစ်​​လေသည် ရပ်ရွာကိစ္စမှန်သမျှကို လဲအဖွားလီကသာအကုန်ဝင်​ဖြေရှင်းသည် မာနအရမ်းကြီးပြီးအ​ပြောဆိုးသည့်အဖွားလီကိုရပ်ရွာထဲက က​လေးလူကြီးမကျန်အကုန်​ကြောက်ရသည်မှာသူတို့ငယ်ငယ်ကတည်းကခုချိန်ထိပင်

"​ဘာကိစ္စများရှိလို့လဲ ​ဒေါ်​လေးလီ"

"​အေး ငါလာတာ ဘာကိစ္စဆိုတာထက် နင့်သားလား နင့်တူလား အဲ့​ကောင်​လေး​ခေါ်​ပေးစမ်း ဟိုလမ်း​ဘေးက​ကောက်ရတဲ့က​လေး​ရော"

အဖွားလီစကား​ကြောင့် သူမအနည်းငယ်​တော့စိတ်ထဲခုသွားရသည် ဒါ​ပေမယ့်အတတ်နိုင်ဆုံးစိတ်ကို​လျှော့ချလိုက်ပြီး

"ကျန့်ကျန့်​လေးနဲ့ရိ​ပေါ်​လေးကို​ပြောတာထင်တယ် သူတို့​လေး​တွေကိုဘာကိစ္စလဲ ​ဒေါ်​လေး ​ပြောစရာရှိကျမနဲ့​ပြောလို့ရပါတယ်"

"မလိုချင်ဘူး အဲ့​ဟာ​တွေကိုအခု​ခေါ်စမ်း ညည်းစကားမရှည်နဲ့"

က​လေးတစ်​ယောက်နဲ့ဘာအ​ကြောင်းအရာ​ပြောဖို့မှန်းမသိ​ပေမယ့် ​ရှောင်းယွင်အိမ်က က​လေး​တွေကို​ခေါ်လိုက်တာများရင့်ရင့်သီးသီးမို့ ​ရှောင်းယွင်လက်သီးကိုတင်းခနဲဆုပ်လိုက်မိသည်

မချစ်လို့မှမဟုတ်တာWhere stories live. Discover now