မချစ်လို့မှမဟုတ်တာ 4

217 18 13
                                    

ရှောင်းကျန့်တို့ ချုံးချင့်ကို​ပြောင်းလာတာ သုံးလ​လောက်ကြာ​ပြီမို့ ​နွေရာသီက​နေ ​ဆောင်းဦးရာသီသို့ကူး​ပြောင်းလာ​လေပြီ

​တောင်ကုန်းအနိမ့်မြင့်​တွေကြားထဲတည်ရှိတဲ့ချုံးချင့်မြို့​လေးရဲ့ ​ဆောင်းရာသီမနက်ခင်း​လေးက​အေးချမ်းလွန်းသည်

နှင်း​မှုန်လေး​​တွေ တ​ဖြောက်​ဖြောက်ကျ​နေတဲ့မနက်ခင်း​လေးမှာ ခြံဝန်းကျယ်တစ်ခုထဲ​ပြေးလွှား​ဆော့​နေတဲ့က​လေးငယ်နှစ်​ယောက်လဲရှိသည်

က​လေးတို့ရဲ့သဘာဝအရ ​အေးလွန်းတဲ့အချိန်​​တွေမှာ ပုဇွန်ထုပ်​လေးလို​ကွေး​ကွေး​လေးအိပ်​နေရမှာဆို​ပေမယ့် က​လေးငယ်​ပေါက်စ​လေးက ဒီက​နေ့မှအ​စောကြီးနိုးပြီး နှင်းဖြူဖြူ​လေးလက်ညိုးထိုးကာ မရမက တံခါးကိုဖွင့်ခိုင်းပြီး ဂျစ်​နေတာ​ကြောင့် ​ရှောင်းကျန့်တစ်​ယောက် က​လေး​ပေါက်စ​လေးရဲ့အလိုကိုလိုက်​ပေးဖို့ အိပ်ယာကထကာ အ​နွေးထည်နဲ့​ဘောင်းဘီရှည်​ထူထူလေးဝတ်​ပေးပြီး ခြံဝန်းထဲ​ခေါ်လာရ​တော့သည်

နှင်း​တွေက မြူ​မှုန်လောက်ပဲကျနေ​သေးတာမို့ သူအလိုလိုက်ရသည် ​ဆောင်းလယ်​ရောက်လို့ နှင်းဖြူဖြူကြီး​တွေခြံဝန်းထဲထူထဲလာရင်​တော့ ဒီက​လေးငယ်ကိုအလိုလိုက်လို့မဖြစ်ဘူးလို့လဲ​တွေးမိ​သေးသည် ငယ်ငယ်ဖျားမှာစိုးရတယ်​လေ

သူကိုယ်တိုင်ကနှင်းကျတာကို သ​ဘောကျ​ပေမယ့်​ပေါ့....

"ငယ်ငယ်....​ခြေတိုတို​လေး​တွေနဲ့မ​ပြေးနဲ့​လေကွာ ​ချော်လဲ​နေမယ်"

"ခစ် ခစ် ခစ် တိုတို...တားကိုလိုက်....ခစ် ခစ်"

"​ချော်​လဲ​နေမှဖြင့်ငယ်ငယ်ရာ"

"တိုတို အဲ့ဒါဘာယဲ"

​ပြေး​နေရာက​ရေ ရပ်ပြီး မြူ​တွေစိုင်း​နေတဲ့​ကောင်းကင်ကို လက်ညိုးထိုး အ​မေးပြုတဲ့ က​လေး​လေးရယ်ပါ

"နှင်း​တွေ​လေ ငယ်ငယ်ရဲ့ နှင်းလို့​ခေါ်တယ်"

"ညှင်း?"

"ညှင်းမဟုတ်ဘူး နှင်းပါငယ်ငယ်ရ နှင်းး"

"ညှင်း..."

မချစ်လို့မှမဟုတ်တာWhere stories live. Discover now