မချစ်လို့မှမဟုတ်တာ ၉

48 10 1
                                    

"က​လေး​လေး ​ခြေတိုတို​လေး​တွေနဲ့မ​ပြေးနဲ့​​လေ ​ချော်လဲကုန်မှဖြင့်"

"မိ​အောင်လိုက်​လေကိုကို ခစ်ခစ်ခစ်"

မပီကလာ ပီကလာအသံ​လေးက​နေ ကိုကိုလို့ပီပီသသ​ခေါ်တတ်တဲ့အရွယ်​လေးကို​ရောက်ခဲ့ပြီ
.
.
.
.

"ငယ်ငယ်​လေး ထ​တော့​လေ ​ကျောင်းသွားရမယ်

"အင်းးးး"

"ထ​တော့ အပျင်းတစ်က​လေး ​ကျောင်း​နောက်ကျ​တော့မယ်"

"ထဘူး မ..ထ..ဘူး..လို့"

​​ရာသီ​တွေကုန်ဆုံးလို့ ရှောင်းကျန့်​လေး​ရောရိ​ပေါ်​လေးပါ​ကိုယ်စီကျောင်းတက်​နေကြပြီ မနက်မိုးလင်းလို့​ကျောင်းသွားဖို့နှိုးတိုင်း ငယ်ငယ်အဆိုးလေးက ​ကျောင်းမသွားချင်ဘူးဆိုပြီ ဂျစ်ကျတတ်သေးတာမို့ ​ရှောင်းကျန့်​လေးက ငဂျစ်က​လေးကို စိတ်ရှည်ရှည်နဲ့နှိုးရ​တော့တာပါပဲ

"အဲ့ဒါဆို ကလိ​ထိုးရ​တော့မှာပဲ"

"အားး ခစ် ခစ် ခစ် ယားတယ် ယားတယ် ကိုကို ယားတယ်လို့"

"အပျင်းကျအုံးမလားငယ်ငယ် ကိုကိုက မထမချင်းကလိထိုး​နေမှာ"

"​ကျောင်းသွားရင် အာဘွား​ပေးရမှာ​နောကိုကို"

"ဟုတ်ပါပြီအဆိုး​လေးရာ..."

မနက်တိုင်း အိပ်ယာမထချင်လို့ဂျစ်ကျတတ်​တဲ့အဆိုး​လေးကို ကိုယ်တိုင်အ​ဝတ်အစားပြင်ဆင်​ပေးပြီး ​ကျော​ပေါ်ချီကာ​ကျောင်းကို​ခေါ်သွားတတ်တဲ့​ကောင်​လေးရယ် ထို​ကျော​ပြင်ကိုတင်းတင်းကျပ်ကျပ်ဖက်ကာ ​ကျောင်းမ​ရောက်မချင်းအိပ်​ပျော်​နေတတ်တဲ့​ကောင်​လေးတို့ရှိ​လေရဲ့
.
.
.
.
"ဒီနှစ်​​​တော့ငယ်​လေးကို​​မွေး​နေ့လက်​ဆောင်​ပေးရမှာ"

သူ့က​လေး​လေးကို​လက်​ဆောင်သိပ်​ပေးချင်​နေတဲ့​ရှောင်းကျန့်​လေးက ​ကျောင်းစတက်ကတည်းက​ ​နေ့တိုင်းဒေါ်​လေး​ပေးသမျှမုန့်ဖိုး​တွေကို ငယ်ငယ့်အတွက်ဆိုပြီး ​မစားရက်မ​သောက်ရက်စုသည် ငယ်ငယ့်ကိုဝယ်​ပေးမယ်လို့​ပြောခဲ့ဖူးတဲ့ဆိုင်ကယ်​လေးကိုလဲ ဆိုင်ရှင်ကို​ရောင်းမပြစ်ဖို့ရယ် သိမ်းထား​ပေးဖို့အ​ကြောင်း သူလာယူမယ်ဆိုတဲ့အ​ကြောင်းသွား​ပြောထားသည်

မချစ်လို့မှမဟုတ်တာWhere stories live. Discover now