မချစ်လို့မှမဟုတ်တာ-3

179 30 9
                                    

"အီးးးး ဟီးးးး တိုတိုကထား အဟင့် အဟင့်"

"ကဲပါ ရိ​ပေါ်​လေးရယ် နင့်ကိုကိုကထားမသွားပါဘူး ဒီနား​လေးခနသွားတာ"

"​ရဘူး ရဘူး တိုတို့ကို ​​ထော်ပေး"

​ရှောင်းကျန့် အင်္ကျီ​ထုပ်လေးကိုင်ပြီး အိမ်​ပေါက်ဝမှာရပ်ကာ ပြုံး​နေမိသည် သူအိမ်ထဲမဝင်ခင်ကတည်းက ငယ်ငယ့်အသံဆာဆာက​လေးက အရင်ကြားရသည် အခုလဲသူ့ကိုမ​တွေ့လို့ ​ဒေါ်​လေးကိုဂျစ်​နေပုံရသည်

ဒီက​လေး​လေး သူ့ကိုအရမ်းကပ်လွန်းတယ် ဒါ​ပေမယ့်လဲချစ်ရတာပါဘဲ ပိုတိုးပြီး​တော့​တောင်ချစ်ရတယ်

"ငယ်ငယ်•••"

သူအသံပြုလိုက်​တော့ ငိုသံ​လေး​တွေ တိကနဲရပ်ပြီးလှည့်ကြည့်လာတယ်

"လာပါအုံးကိုကို့ဆီ"

ထိုင်လျက်က​လေးလမ်ကမ်းကြို​တော့ ငယ်ငယ်က ​ခြေတိုတိုက​လေး​တွေနဲ့အ​ပြေး​လေး သူဆီလာတယ် သူလဲငယ်ငယ်ကိုချီကာ မတ်တပ်ရပ်ပြီးတစ်ပါတ်လှည့်လိုက်သည် သူ့​ကိုတွေ့​တော့ ငိုချင်ရက်လက်တို့ပို​တောင်ငိုသွားတယ် သူ့လည်ပင်းကို လက်​သေး​သေး​လေး​တွေနဲ့ဖက်ပြီး သူပုခုံး​ပေါင်​ခေါင်းမှီကာ ချွဲ​နေ​တာမို့ သူလဲပြန်ဖက်ထားလ်ုက်တော့သည်

"တိုတို တားဂိုထားတယ် အဟင့် အဟင့်"

"မငိုရ​တော့ဘူး​ မငိုရ​တော့ဘူး တိတ်တိတ် ကိုကိုပြန်လာပြီ​နော်"

​ကျော​လေးကိုပွတ်​ပေးပြီး​ချော့​တော့ ရိုက်သံ​လေး​တွေငြိမ်ကျသွားပြီး သူ့ပုခုံး​ပေါ်က​ခေါင်း​လေးကို​ထောင်ကာ ​မော့ကြည့်လာတယ် ​ရှောင်းကျန့်လဲ ငယ်ငယ့်ပါး​ပေါ်ကမျက်ရည်​လေး​တွေကို လက်တစ်ဖက်နဲ့သုတ်​ပေးလိုက်သည်

"ငယ်ငယ် ကိုကိုက​လေ ငယ်ငယ့်အတွက် အင်္ကျီသစ်သစ် သွားဝယ်တာ ငယ်ငယ့်ကိုထားသွားတာမဟုတ်ဘူး"

အင်္ကျီလို့​ပြော​တော့ ငယ်ငယ်က သူ့ကိုယ်​ပေါ်ကဝတ်ထားတဲ့ အင်္ကျီ​လေးကိုကိုင်ပြတယ်

"ဟုတ်တယ် အဲ့လိုမျိုး အင်္ကျီ သစ်သစ်​လေ သွားဝယ်တာ ငယ်ငယ်က မလိုချင်ဘူးလား ဒီမှာကြည့်အုံး အစိမ်း​ရောင်​လေး ကြိုက်ရဲ့လား ငယ်ငယ်ကြ်ုက်လား"

မချစ်လို့မှမဟုတ်တာWhere stories live. Discover now