ချစ်သွေးရယ်တဲ့ ရဲရဲနီ

110 7 0
                                    

ချစ်သွေးရယ်တဲ့ ရဲရဲနီ

(၂)

"သာသာရယ် ဝိုင်းလုပ်စရာမလိုဘူးလို့ ကိုကြီး ပြောရဲ့သားနဲ့ အခုဖြစ်ပြီတွေ့လား"

"'မတော်တဆဖြစ်သွားတာပါဆို ကိုကြီးကလဲ ဆူပြန်ပြီ ညနေ အလုပ်ကပြန်လာကြရင် ကိုလတ်နဲ့ ကိုလေးက တခါ ပွစိပွစိလုပ်ကြအုံးမှာ"'

လက်ကလေးရှသွားတာကို ကိုကြီးက ဆူမဆုံးသေးတာမို့ သာသာ ခေါင်းတောင်ပူလာတယ်။ အစ်ကိုသုံးယောက်ရှိပါရဲ့။ သုံးယောက်လုံးက တလေသံတည်းမို့ ကိုလတ်နဲ့ကိုလေးတို့ ပြန်လာရင်လဲ တခါဆူခံထိအုံးမှာ။ မောင်နှမတွေထဲ အငယ်ဆုံးဖြစ်ရတာလဲ တဒုက္ခပါလားနော်။ လူကြီးတွေစိတ်ပူမှာစိုးလို့ ဘာလေးကိုမှ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ အစ်ကိုသုံးယောက်လုံးက သာသာ့အတွက် အဖေလည်းဟုတ်သလို အမေလည်းဟုတ်ကြတယ်လေ။

"'ဒါနဲ့လေ ကိုကြီးကို မေးချင်တာရှိတယ်"'

""ဘာတုန်း မေးလေ""

"'တခါမှ မသိဖူး မရင်းနှီးဖူးတဲ့ ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့လက်ကို ထိကိုင်တာ သာမန်ပဲလားဟင်"'

"ဟမ့် ဘာလို့မေးတာလဲ"

"'သိချင်လို့ပါဆို ကိုကြီးကော အဲ့လိုလုပ်ဖူးလား ပြောပြ ပြောပြ"'

""ဘယ်လိုပြောရမလဲ အဲ့တာက သာမာန်မဟုတ်ပဲ ထူးဆန်းတာမျိုးတော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ယောက်ျားလေးတော်တော်များများက သူတို့ ချစ်မိ ရင်ခုန်မိတဲ့ မိန်းကလေးတွေရဲ့လက်ကိုမှ ထိကြ ကိုင်ကြတာများတယ် သာသာရဲ့""

"'ဟုတ်လားဟင် ဒါဆို သူ ချစ်လို့ ထိကိုင်တာပေါ့"'

"အင်း အဲ့တာကြောင့်ပဲဖြစ်ဖို့များတယ် နေစမ်းပါအုံး ညီမလေးက ဘာလို့မေးတာလဲ"

"'ဒီတိုင်းပဲ သိချင်လို့မေးတာပါ ကိုကြီးရဲ့"'

"သေချာတယ်နော် ညည်း....."

"'တကယ်ပါဆို"'

ကိုကြီးရဲ့ အမေးကို ဖာသိဖာသာပဲ လိမ်ဖြေလိုက်ပေမယ့် သာသာ့ရဲ့ မသိစိတ်ထဲမှာတော့ ကြည်နူးရိပ်တွေ ကိန်းဝပ်သွားခဲ့ပါတယ်။ ဟိုလူကြီးရဲ့မျက်နှာကိုလည်း တဖွားဖွားပြန်မြင်ယောင်လာတယ်။ ကိုကြီးရဲ့ ပြောပုံအရဆို အဲ့လူက သာသာ့ကို သဘောကျလို့ လက်ရှသွားတာကို လုပ်သွားပေးတာပေါ့။ ပြန်တွေးကြည့်ရင်းနဲ့တောင် ခံစားချက်က တမျိုးကြီးပဲ။

ချစ်သွေးရယ်တဲ့ ရဲရဲနီ Where stories live. Discover now