ချစ်သွေးရယ်တဲ့ ရဲရဲနီ

681 16 0
                                    

ချစ်သွေးရယ်တဲ့ ရဲရဲနီ

(၁)

""............""

လိုင်းကားပေါ်တက်တက်ချင်း မြင်လိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ကားပေါ်လှမ်းနေဆဲ သူ့ ခြေလှမ်းတွေဟာ သွက်သထပ် သွက်သွားခဲ့တယ်။ နေ့တိုင်းစီးနေကျ ကားဆိုတော့ မျက်မှန်းတန်းမိနေတဲ့ ကား စပယ်ယာ ကျေးဇူးကြောင့်နဲ့ မတ်တပ်ရပ်စီးရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ အရင်ကဆို ကားပေါ်ရောက်တာနဲ့ လမ်းမကြီးကို အကြည့်ပို့ခဲ့သမျှ အခုတော့ လမ်းမကြီးကို ကျောခိုင်းထိုင်လိုက်တယ်။ ခုံအတည့်ကို ပြောင်းပြန်ထိုင်နေလို့ တချို့တလေက ပြုံးစိစိနဲ့ ကြည့်လို့ပေါ့။ ဘယ်သူမှန်းမသိတဲ့ လူတွေဝိုင်းကြည့်တာကို သူ ခံနိုင်တယ်။ ဒါပေမဲ့ လူကျပ်တဲ့လိုင်းကားကို ဘာလို့စီးတာလဲ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံကို သူ မခံနိုင်ဘူး။ အဲ့အမျိုးသမီးက သူချစ်ရပါတယ်ဆိုတဲ့ ချစ်သူရဲ့ စကားမို့လို့ကို သူ မခံနိုင်တာ။

""ဟူးးးး""

တွေ့မှာစိုးလို့ကို ပြောင်းပြန်ထိုင်နေတာတောင် မဖြစ်ဖြစ်အောင် တွေ့လိုက်ရတဲ့ ကားအနက်ရောင်လေးက သူစီးနေတဲ့ လိုင်းကားနှေးတေးတေးကို ဖြတ်ကျော်သွားတယ်။ ကံကောင်းတာက ကားထဲက အမျိုးသမီးက သူ့ကိုမြင်ပုံမရပါဘူး။ မြင်ရင်လဲ သူ့ကို မသိချင်ယောင်ဆောင်သွားမှာပဲမို့ ထွေထွေထူးထူးတော့ မခံစားရ။ ဘယ်သူမို့လို့လဲ။ သူမက ကလေးအထူးကုဆရာဝန်မကြီး ဒေါ်ချယ်ရီအေးအောင်M.B.B.S~M.Med.Sc(Pediatrics)လေ။ သူကတော့ လိုင်းကားတိုးစီးနေကျ ကောင်လေးပေါက်စတစ်ယောက်ဆိုပါတော့။

"ဆရာလေးရေ သင်တန်းကျောင်းကို ရောက်ပြီဗျ"

""..........""

"ဝေ့ ဆရာလေး ရောက်နေပြီလေ မဆင်းတော့ဘူးလား ဘာတွေအတွေးလွန်နေတာတုန်း"

""ဟာ ရောက်နေပြီလား ဆောရီးကိုယ့်လူရာ နည်းနည်းအတွေးခေါင်သွားလို့""

"ဖြစ်ရမယ် ဖြစ်ရမယ်"

""သွားပြီဗျို့""

ဖိုင်အိတ်ကိုဆွဲပြီး သင်တန်းကျောင်းထဲ ဝင်ခဲ့တော့ ကလေးတွေတောင် လူစုံနှင့်နေပြီ။ みなさん!! こんにちわလို့ သူ နှုတ်ဆက်တာနဲ့ ကလေးတွေရဲ့ အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းသွားတော့တယ်။ သူဆိုတဲ့ကောင်က YUFL ကျောင်းဆင်း B.A Japaneseဘွဲ့ရ သင်တန်းကျောင်းပေါက်စလေးရဲ့ Founderပိစိလေးပေါ့။ သူမကတော့ လူတကာလေးစားအားကျ အတုယူရတဲ့ အထူးကုဆရာဝန်မကြီး။ ​

ချစ်သွေးရယ်တဲ့ ရဲရဲနီ Where stories live. Discover now