ချစ်သွေးရယ်တဲ့ ရဲရဲနီ
(၄)
"'မောင် ဟင့်"'
""ချယ်ရီ ဘယ်လိုဖြစ်ပြီးတော့ ရောက်လာ......""
"'ဟင့် အင့် ဟီးးးးး"'
""ချယ်ရီ ဘာလို့ငိုနေတာလဲ မင်း ဘာဖြစ်လာလို့လဲ မောင့်ကိုပြောစမ်း""
ကလေးတစ်ယောက်လိုမျိုး ခါးကို ပြေးဖက်လာပြီး ရှိုက်ငိုနေတဲ့ ချယ်ရီ့ပုံစံကြောင့် သူ ပူလောင်သွားရပါတယ်။ ကလေးအထူးကုဆရာဝန်မကြီး ချယ်ရီအေးအောင်မဟုတ်တော့သလိုမျိုး သူ့ရှေ့ရောက်မှ ငိုချလိုက်တာက ဘာကြောင့်တဲ့လဲ။ ချယ်ရီ အိမ်ကို ရောက်လာလို့ မကြီးကတော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေတော့မှာပဲ။ ဒါနဲ့ သူ့ကြောင့်လား။ သူ ဘာလုပ်မိလို့လဲ။
"'မောင်နဲ့ ကောင်မလေးတစ်ယောက်ကို မနေ့ကတွေ့လိုက်တယ် သူက ဘယ်သူလဲ ငုဝါခင်ဆိုတဲ့ တစ်ယောက်နဲ့ အတူတူပဲလို့တော့ မောင် မပြောပါနဲ့ အင့်"'
""ဘယ်သူလဲ ဘယ်ကကောင်မလေးလဲ""
"'ဟင့် မောင် မလိမ်ပါနဲ့လား မနေ့ညနေက ကောင်မလေးတစ်ယောက်ရဲ့လက်ကို မောင်ကိုင်ထားတာလေ မောင်အဲ့လိုပဲ ချယ်ရီ့ကို အနုနည်းနဲ့ ရက်စက်နေတော့မှာလား"'
""သြော် သင်တန်းက ကလေးမကို ပြောတာထင်တယ် သူနဲ့က ဘာမှမပတ်သပ်ဘူး မောင့်ကြောင့် သူ့လက်ဒဏ်ရာရထားဖူးလို့ ကြည့်ရုံပဲရှိတာ""
"'ဒါဆို ငုဝါခင်ဆိုတဲ့တစ်ယောက်ကကော"'
""အင်း သူနဲ့တော့ dateကြည့်ဖူးတယ်""
"'ဘာလို့ ကောင်မလေးတွေနဲ့ လိုက်dateနေတာလဲ မောင်ရယ် ချယ်ရီက မောင့်အတွက်ဘာလဲဟင် ဟင့် မောင်က ချယ်ရီ့ကို သိပ်ညှင်းဆဲတာပဲ"'
""ဘာဖြစ်လို့လဲ ချစ်သူက အချိန်မပေးနိုင် လှည့်မကြည့်နိုင်လို့ ကိုယ့်ကို အချိန်ပေးနိုင်တဲ့လူနဲ့ dateကြည့်တာ မှားလို့လား ကျုပ်လဲလူပဲ စိတ်ဓာတ်ကျတဲ့အချိန် pressureတွေပိတဲ့အချိန် တိုင်ပင်ဖို့ နားထောင်ပေးမယ့်သူတော့ လိုတယ်လေ အဲ့တာကြောင့်ပဲ ဘာဆိုဘာမှမတူညီတဲ့ သူစိမ်းတစ်ယောက်ကို ချစ်ကြည့်ဖို့ နှလုံးသားကို အလုပ်ပေးထားတာပေါ့""
YOU ARE READING
ချစ်သွေးရယ်တဲ့ ရဲရဲနီ
Romansbreak upဖြစ်ခါနီးနီး relationshipတခုကို ပိုင်ဆိုင်ထားတဲ့ ဧသင့်ဆိုတဲ့သင်တန်းကဆရာဖြစ်သူကို crushမိသွားတဲ့ ချိုသာနွေး။ rsရှိပြီးသားသူကိုမှ ချစ်မိသွားတဲ့ ချိုသာနွေးရဲ့ အချစ်ဆိုတဲ့အရာကြောင့် သူတို့တွေဘာဆက်ဖြစ်ကြမလဲ။ မချိုမခါးလေး ရေးထားတာမို့ ခါးသက်သက်လေး...