(၇)
"'ကိုကို ကိုကို့ ကိုကိုး ခေါ်ရတာ မိုက်လိုက်တာ ဟီး"'
"'အဲ ဒါမဲ့ ငါ senseiကို မတွေ့ရဲသေးဘူး ကြောက်တယ်"'
"'အာ မရဘူး ငါ သင်တန်းသွားရမယ်လေ ဘယ်လိုလုပ်ရမလဲ"'
"'သင်တန်းသွားရင် တွေ့နေရမှာပေါ့ မဖြစ်ဘူး သင်တန်းသွားလို့ မဖြစ်ဘူးလို့!!"'
"'ဒါဆို မနက်ဖြန် သင်တန်းမသွားပဲနေလိုက်မယ်"'
"'ကိုကြီးတို့မေးရင်ရော ငါဘယ်လိုပြောရမလဲ"'
"'ဟာ တခါတလေ သင်တန်းပျက်တာပဲ ဘာမှမဖြစ်လောက်ပါဘူး"'
"'ငါသင်တန်းမလာတာကို senseiသတိထားမိလား ကြည့်ရမယ် ဟုတ်တယ်"'
နှုတ်ခမ်းကို လက်ညိုးနဲ့ပွတ်ရင်း တစ်ယောက်ထဲ စကားတွေ ထိုးပြောပြီး သာသာ ဂယက်ထနေရတော့တယ်။ ဖက်လုံးကိုခွလိုက်၊ ခေါင်းအုံးကို လုံးခြေထုရိုက်လိုက်နဲ့ ဆုံးဖြတ်လည်းချပြီးကော အိပ်ရာတစ်ခုလုံး ပွပြဲနေပြီး ရစရာမရှိတော့ပါ။ ယင်ဖိုတောင်မသန်းဖူးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ နှလုံးသားဟာ အနမ်းရိုင်းရိုင်း တစ်ပွင့်အောက်မှာ ရုန်းမထနိုင်လောက်တဲ့အထိ ကြွေဆင်းညွတ်ကျသွားခဲ့ပါပြီ။ လမိုက်ညမို့ မှောင်မိုက်နေပေမယ့် သာသာ့မျက်နှာမှာတော့ ပန်းနုရောင်သန်းကာ တောက်ပနေဆဲ။
................
""သာသာ!! သာသာရေ ကလေးလေး မထသေးဘူးလား ဒီနေ့ သင်တန်းဖွင့်တယ်မဟုတ်လား""
"'ဒုက္ခပဲ ကိုကြီး လာနှိုးနေပြီ ကျစ်"'
""သာသာ!!""
"'ကိုကွီးးးးးး"'
""ဟေ""
"'ဟီး ဟဲဟဲ သာသာ ဒီနေ့ သင်တန်းမသွားချင်ဘူး"'
"ဟမ့် ဘာဖြစ်လို့လဲ သာသာ"
"'ဟာ ကိုလတ် ဒီနေ့ အလုပ်မသွားဘူးလား"'
"အရေးကြီး ကိစ္စရှိလို့ အလုပ်နားလိုက်တာ"
"'အဲ ကိုငယ်ရော အလုပ်နားတာပဲလား"'
""ဟုတ်ပါ့ ကိုကြီးတောင် ဒီနေ့ ဆိုင်မဖွင့်ဘူးလေ သာသာ""
"'ဟယ် ဘာဖြစ်လို့လဲဟမ့် သုံးယောက်လုံး အလုပ်မလုပ်ကြဘူးဆိုတော့ ဘာအရေးကြီးကိစ္စရှိလို့လဲဟင် သာသာကော သိလို့ရမလား"'
YOU ARE READING
ချစ်သွေးရယ်တဲ့ ရဲရဲနီ
Romancebreak upဖြစ်ခါနီးနီး relationshipတခုကို ပိုင်ဆိုင်ထားတဲ့ ဧသင့်ဆိုတဲ့သင်တန်းကဆရာဖြစ်သူကို crushမိသွားတဲ့ ချိုသာနွေး။ rsရှိပြီးသားသူကိုမှ ချစ်မိသွားတဲ့ ချိုသာနွေးရဲ့ အချစ်ဆိုတဲ့အရာကြောင့် သူတို့တွေဘာဆက်ဖြစ်ကြမလဲ။ မချိုမခါးလေး ရေးထားတာမို့ ခါးသက်သက်လေး...