ချစ်သွေးရယ်တဲ့ ရဲရဲနီ

30 5 2
                                    

(၈)

""ချယ်""

"'............."'

""ချယ် ခဏ""

"'ရှင်နဲ့ စကားပြောဖို့ ကျွန်မမှာ အချိန်မရှိဘူး ခွင့်ပြုပါအုံး ဒေါက်တာ"'

""အခု ဆေးခန်းထိုင်ဖို့ ပြန်မှာမလား ကိုယ်လိုက်ပို့ပေးမယ်""

"'မလိုဘူး ကျွန်မဘာသာ သွားလို့ရပါတယ်"'

""ကိုယ် လိုက်ပို့ပေးပါ့မယ် နော်""

"'လူတွေသတိထားမိလာအောင် တမျိုးပြောရအောင် မလုပ်ပါနဲ့ ရှင့်အမူအရာ အပြောအဆိုတွေကို ဆင်ခြင်ပေးပါ ဒေါက်တာ ဒါဆေးရုံပါ ကျွန်မမှာ ဆရာဝန်သိက္ခာရှိတယ်"'

""ဘယ်လိုပဲပြောကြပါစေ အမှန်တရားဖြစ်တဲ့ ကိုယ်တစ်ယောက်လုံးရှိနေတာကို ဘာကိုဂရုစိုက်မှာလဲ ချယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေကို တစ်နေ့နေ့တော့ အားလုံးသိကြရမှာပဲလေ""

"'.............."'

သူပြောသမျှ အမှန်တွေကြီးပဲမို့ ဘာမှပြန်မချေပနိုင်ခဲ့ဘူး။ နားကြပ်ကိုင်ထားတဲ့ လက်တွေဟာ ရောဂါသည်လို အကြောင်းမဲ့ လှုပ်ရှားလာတဲ့အထိ သူ့စကားတိုင်းက ချယ်ရီ့အတွက် ကြောက်စရာအပြည့်လွှမ်းခြုံထားတယ်။ သူ့ကို ပြန်တုံ့ပြန်စကားဆိုဖို့မပြောနဲ့။ အကြည့်နဲ့တောင် ပြန်မကြည့်နိုင်တဲ့အထိ ချယ်ရီ ကြောက်တယ်။ သူနဲ့ပတ်သပ်နေတဲ့ ဆက်ထုံးများစွာကို မဖြည်နိုင်သေးခင် မောင့်ကိုစွန့်လွှတ်လိုက်ရမှာကို သိပ်ကြောက်မိတယ်။ အခုတောင် မောင် ဘယ်လောက်ထိ ဒေါသူပုန်ထနေလိမ့်မလဲ။ ဘယ်ကနေစပြီး မောင့်ကို ရှင်းပြ တောင်းပန်ရမလဲဆိုတာကိုလည်းမသိသေး။

""ဒီနှစ်ထဲ ကိုယ်တို့လက်ထပ်ကြမယ်နော်""

"'တော် တော်တော့ မိုးနေ"'

""အဲ့အချိန်ကျရင်တော့ ကိုယ့်အတွက် အဆင်သင့်ဖြစ်နေပါစေ ချယ် အခုတော့ မင်းရဲ့နှလုံးသားတံခါးပွင့်လာအောင် ကိုယ် ကြိုးစားမယ်""

"'.............."'

လက်နှစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်ပြီး သူပြောချိန်မှာ သူမ မရုန်းနိုင်ပဲ ကျောက်ရုပ်ဖြစ်သွားခဲ့ပါပြီ။ ဆေးစာရွက်ပေါင်းများစွာကို မျက်စိညောင်းတဲ့အထိ ဖတ်ပြီး အဖြေရှာခဲ့ဖူးပေမယ့် သူ့မျက်လုံးတွေရဲ့ အကြည့် အဓိပ္ပါယ်ကို သူမ အဖြေမရှာနိုင်သေးဘူး။ ခံစားလို့လည်း မတတ်သေးဘူး။

"ဟယ် ဆရာ ဘာကိစ္စရှိလို့ wardထဲထိ ဆင်းလာတာလဲ"

ချစ်သွေးရယ်တဲ့ ရဲရဲနီ Where stories live. Discover now