ပင်ယံအရှေ့ကိုထွက်လာလိုက်တယ်
"ဟိုအကိုပဲ ဘာကိစ္စရှိလို့လဲဗျ”"မြေးလေး ဒါဘယ်သူတွေတုန်းကွယ့်"
"ဟို ပင်ယံ့ကိုတိုက်မိမလိုဖြစ်တဲ့ကားပိုင်ရှင်ပါ"
"သြော် ဒါနဲ့လူလေးတို့ကဘာကိစ္စရှိလို့လဲ"အဘွားကဟိုဘက်ကလူကြီးကိုမေးလိုက်တယ်တိုက်မိတာကသူမှမဟုတာသူကဘယ်သူလဲ ပင်ယံအတွေးကမ္ဘာထဲရောက်နေတုန်းမှာပဲပင်ယံကိုအတွေးကမ္ဘာထဲကဆွဲထုတ်လိုက်တဲ့ပြတ်သားပြီးနှစ်လိုဖွယ်ကောင်းတဲ့အသံတစ်ခု
"ဟုတ်ကဲ့အဲ့နေ့ကတိုက်မိတဲ့ကားကကျွန်တော့်ကားပါ အဲ့နေ့ကအလုပ်တွေများနေတာနဲ့မတောင်းပန်လိုက်ရလို့ပဲအဲ့တာလူနာသတင်းလာမေးတာပါ" မေးနေတဲ့အဖွားကိုလွန်းကြယ်ပြုံးရင်းနဲ့ဖြေလိုက်တယ်ဘေးကဖြူဖြူလေးကတော့ဘာတွေတွေးနေလဲမသိဘူးလွန်းကြယ်ကိုပဲတစ်ချိန်လုံးကြည့်နေတယ်လွန်းကြယ်သူ့ဘက်လှည့်ရင်း
"မင်းရောဘယ်လိုနေလဲ ဘယ်နားထိသွားသေးလဲ"
"ဟို ဟို ဘာမှမဖြစ်ပါဘူး စက်ဘီးပေါ်ကပြုတ်ကျတဲ့အရှိန်ကြောင့်ကိုယ်လက်ပဲနာသွားတာပါ"
"ရော့ဒီမှာမုန့်တွေ ပြီးတော့အဖွားဒါကဆေးဝါးစရိတ်ပါ ဘယ်လိုမှသဘောမထားပါနဲ့"လွန်းကြယ်ပြောရင်းနဲ့ဘေးကမုန့်တွေကိုစားပွဲပေါ်တင်းပြီးပိုက်ဆံကိုတော့အဖွားကိုကမ်းပေးလိုက်တယ်
"အိုမလိုပါဘူးမြေးရယ် ပင်ယံလေးလည်းဘာမှမှမဖြစ်တာပြန်ယူပါ အဖွားပိုက်ဆံတော့မယူပါရစေနဲ့"အဖွားကပြောရင်းနဲ့ပိုက်ဆံတွေပြန်ထိုးပေးနေတာကြောင့်လွန်းကြယ်လဲပြန်ယူလိုက်ရတယ်
"အဖွားအဲ့တာဆိုမုန့်တွေတော့ယူပါဗျာ"လွန်းကြယ်လည်းမုန့်တွေရှေ့ကိုတိုးေေပးလိုက်တယ်
"အေးပါကွယ် ဖွားမုန့်တွေတော့လက်ခံလိုက်ပါ့မယ်"အဖွားကငြင်းလို့မရတော့မုန့်တွေတော့လက်ခံလိုက်တယ်
လွန်းကြယ်မတ်တပ်ရပ်ရင်း "ဒါဆို ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်" လွန်းကြယ်ထတော့ခွန်းဆက်ပါလိုက်ထတယ်
"ကောင်လေးငါတို့သွားပြီ" လွန်းကြယ်အခုထိအဖွားဘေးကနေခိုးခိုးကြည့်နေတဲ့ဖြူဖြူလေးကိုလှမ်းပြောလိုက်တယ်