လွန်းကြယ်အလုပ်တွေလက်စသတ်ပြီးခွန်းဆက်ကိုပြောမနေတော့ပဲကားနဲ့ထွက်လာခဲ့တာကမြေးဖွားနှစ်ယောက်ရှိတဲ့အိမ်ဆီ
လွန်းကြယ်အိမ်ထဲဝင်လိုက်တော့ခြံထဲမှာအဝတ်လှန်းနေတဲ့အဖွားကိုတွေ့တယ်ဒါပေမယ့်သူမျက်လုံးကတော့ရှာနေဆဲ"အဖွား”
"အော်သား ဘာလာလုပ်တာလဲကွယ့်”
"ကျွန်တော်ပင်ယံဆီလာတာပါ ပင်ယံရှိလားသူ့ကိုအပြင်ခဏခေါ်သွားလို့ရမလားအဖွား”
"အေး ရှိတယ် ရှိတယ် နောက်ဖေးမှာထမင်းအိုးတည်နေတာထင်တယ် ဝင်သွားလိုက်လေသား”
"ဟုတ်ကဲ့ ”လွန်းကြယ်နောက်ဖေးဝင်လာတော့တွေ့ပါပြီ ရေချိုးတဲ့နေရာမှာဘာတွေလုပ်နေမှန်းမသိတဲ့ဖြူဖြူလေးလွန်းကြယ်လည်းအနားနားကပ်သွားလိုက်တယ်ဒီဘက်လှည့်ကြည့်တော့လွန်းကြယ်ကိုတွေ့သွားပြီးအံ့သြသွားတဲ့ပုံလေးနဲ့မျက်လုံးအဝိုင်းသား
ပင်ယံပန်းကန်ဆေးနေတုန်းအနောက်ကိုလှည့်ကြည့်လိုက်တော့တွေ့လိုက်ရတဲ့ပုံရိပ်ကြောင့်အံသြသွားတယ် ဟိုနေ့ကအကို
"ဘာကိစ္စရှိလို့လဲဗျ”
"အမေ့..”
"ဟိတ်”
နှာခေါင်းချင်းထိနေပြီးရှေ့နည်းနည်းတိုးတာနဲ့နမ်းမိတော့မဲ့အနေထားမှာရှိနေတဲ့လွန်းကြယ်နဲ့ပင်ယံ
ပင်ယံစကားပြောဖို့ထလိုက်တာရေတွေနဲ့ချော်လဲတော့မယ့်အချိန်လှမ်းဖမ်းလိုက်တဲ့သူ့ရဲ့လက်တစ်စုံပင်ယံရှက်ရှက်နဲ့မျက်လွှာချတထားမိတယ်ကိုယ့်လက်ကလည်းသူ့ရင်ခွင်ကရုန်းထွက်ဖို့တွန်းချင်ပေမယ့်သူဆွဲဖက်ထားတဲ့အားကမလူးသာမလွန့်သာ
တစ်ယောက်အသက်ရူသံတစ်ယေညက်ခံစားမိသည်အထိနီးကပ်နေသော်လည်းလွန်းကြယ်သတိမကပ်နိုင်သေးငေးကောင်းတုန်း
ပင်ယံမနေတတ်တော့ပဲ..
အနည်းငယ်တွန်းလိုက်တော့မှသတိကပ်လာတဲ့ လွန်းကြယ်"မင်းကလည်းလေ အမြဲနမော်နမဲ့”
လွန်း စကားပြောလျက်ဖတ်ထားတဲ့ခါးကျဥ်းကျဥ်းလေးကိုလွှတ်ပေးလိုက်တယ်.."ဟို အကိုကဘာကိစ္စရှိလို့လဲ”ပင်ယံလည်ယနောက်ဆုတ်ရင်းစကားဆိုလိုက်တယ်
...........
"ဘာကိစ္စရှိလို့လဲဗျ
"အမေ့..
"ဟိတ်
ပင်ယံမနေတတ်တော့ပဲ..
...........