လွန်းကြယ်ဖက်ထားတဲ့လက်ကိုဖယ်ပေးလိုက်ပြီးမှလာရင်းကိစ္စပြောရတော့သည်
"မင်းကိုနေ့လည်စာလိုက်ကျွေးရင်း ဆေးခန်းလည်းပြပေးမလို့ ဘာမှမဖြစ်သွားပေမယ့်ဆေးခန်းပြကြည့်လိုက်တာပိုကောင်းမယ်ထင်လို့လာခေါ်တာ..."
ပင်ယံမျက်လုံးအဝိုင်းသားနဲ့နားထောင်နေမိသည်ငြင်းချင်ပေမယ့်ဘယ်လိုငြင်းရမှန်းမသိဖြစ်နေသည်ကြောင့်စိတ်ထဲပေါ်လာတဲ့အဖွားကိုပဲဓားစာခံလုပ်လိုက်တော့မည်
"ဟို....အဖွားကလွှတ်ပါ့မလားမသိ..."
"ကိုယ်အဖွားကိုခွင့်တောင်းပေးမယ် ခုနကတောင်ပြောခဲ့သေးတယ် အဖွားကငြင်းမယ့်ပုံတော့မပေါ်ပါဘူး.."
လွန်း ပြုံးစစနဲ့ပြောလိုက်တော့ဖြူဖြူကောင်လေးကတွေကနဲဖြစ်သွားပြီးအံ့သြတဲ့ပုံလေးနဲ့မော့ကြည့်လာတယ်....
ပင်ယံအကြံအလုပ်မဖြစ်လိုက်ပါပြောလက်စစကားတောင်မဆုံးလိုက်ပြန်ဖြေလာသူကြောင့်ငြင်းမယ့်အတွေးလေးတောင်ကြက်ပျောက်ငှက်ပျောက်နဲ့အံသြရုံမှတပါးမတတ်နိုင်.."ခွင့်တောင်းမယ်..ဒီအခြေနေကြီးကဘယ်လိုကြီးလဲ" စိတ်ထဲမှာတွေးရင်မော့ကြည့်တော့ပြုံးစစနဲ့ငုံ့ကြည့်နေသူကြောင့်ရှက်ရှက်နဲ့အကြည့်လွှဲရင်း....
"ဒါဆိုလည်းအကျီ လဲလိုက်ပါဦးမယ်.."
"အင်းကိုယ်အဖွားကိုပြောထားလိုက်မယ်.."
<>စားသောက်ဆိုင်တစ်ခုအရှေ့လွန်းကြယ်ကားရပ်လိုက်ပြီး......
"ရောက်ပြီ...စားသောက်ပြီးမှဆေးခန်းသွားပြကြမယ်...ဗိုက်ဆာနေပြီမလား.."
လွန်း ကားမောင်းလာတည်းက ဘေးကကောင်လေးဗိုက်ထဲကအချက်ပေးသံသဲ့သဲ့ကိုကြားမိလိုက်ပါသေးသည်...
"ဟုတ်ကဲ့"
စားသောက်ဆိုင်ထဲရောက်တော့ဘိုကင်ယူပြီးသားစားပွဲမှာနှစ်ယောက်သားထိုင်လိုက်ပြီးလွန်းကပဲစကားစလိုက်သည်
"ဘာစားမလဲ.. ကိုယ်ဘိုကင်ယူတုန်းကမှာထားပေမယ့်စားချင်တာရှိရင်ထပ်မှာနော်.."
"ရပါတယ်ပင်ယံကအစားမရွေးပါဘူး အကိုမှာထားတာပဲအရင်စားကြမယ်လေ.."