ပင်ယံအိမ်ကြီးထဲကို...ကိုခွန်းဆက်ခေါ်ရာအတိုင်းလိုက်ခဲ့လိုက်သည်..အထဲမှာကပိုလှတာပဲလိူ့စိတ်ထဲကတွေးလိုက်မိသည်အထိ
ပင်ယံဒီလိုအိမ်ကြီးမျိုးမမြင်ဖူးသည်မှာ..ပင်ယံ့မျက်လုံးတွေကသက်သေပင်..."ပင်ယံ ခဏစောင့်နော်..အကိုသခင်လေးကိုသွားခေါ်လိုက်ဦးမယ်.."
"ပင်ယံ... အိမ်ကြီးကအကြီးကြီးပဲ...ပိုင်ရှင်ကတော်တော်ချမ်းသာမှာပဲနော်.."
"အင်း...ချမ်းသာမှာပေါ့.."
"ပင်ယံ....!"
ခေါ်သံနဲ့အတူရောက်လာတဲ့သူကိုပင်ယံကြည့်မိလိုက်တော့..အထဲကမီးခိုးရောင်အဖျော့ကိုမှခဲရောင်ကုတ်နဲ့တွဲဝတ်ထားပြီးနတ်ခ်တိုင်မီးခိုးရောင်နဲ့အမဲစင်းကြားကိုလိုက်ဖက်စွာတွဲဝတ်ထားတဲ့အကို..ဆံပင်တွေကတော့သပ်တင်ထားပြီးနဖူးမှာဆံစအချို့ချထားသည်ကခါတိုင်းထက်ပိုနုနေသယောင်....
"ပင်ယံအပေါ်မှာအကိုယ်အဝတ်စားစီစဥ်ထားတယ်...ဒီဇိုင်နာလည်းရှိတယ်..သွားလဲလိုက်တော့လေ.."
"ဟုတ်ကဲ့အကို....ဒါနဲ့လေ..ဒါပင်ယံသူငယ်ချင်းပါ..အဖွားကစိတ်မချလို့အဖော်ထည့်ပေးလိုက်တာ..."
"အော်..တွေ့ရတာဝမ်းသာပါတယ်ညီ....အကို့နာမည်ချစ်သူ့လွန်းကြယ်ပါ..."
"ဟုတ်ကဲ့..ကျွန်တော့်နမည် လွမ်းစေသူ ပါ"
"ခွန်းဆက်..လွမ်းစေသူနဲ့ပွဲကိုအရင်သွားနှင့်လိုက်..ငါနဲ့ပင်ယံနောက်ကလိုက်လာခဲ့မယ်.."
"ဒါပေမယ့်....."
"ဟုတ်ကဲ့..!လွမ်းစေသူ..ကိုယ်တို့သွားရအောင်.."
"ပင်ယံငါအရင်သွားလို့ဖြစ်တယ်မလား.."
"အင်း..ရပါတယ်ငါအဝတ်စားလဲပီးလိုက်လာခဲ့မယ်..ပွဲမှာစောင့်နေ.."
"အင်း.....ငါစိတ်ချမယ်."
ခွန်းဆက်တို့ထွက်သွားမှ..ပင်ယံ့ဘက်လှည့်ပြီးစကားပြန်ပြောရတော့သည်..
"ပင်ယံ..လာလေ..အဝတ်စား သွားဝတ်ကြည့်မယ်"
"အကို လွမ်းကအသိမရှိဘူးလေ..ပွဲမှာယောင်လည်လည်ဖြစ်နေမှာပေါ့.."