Part 1

19.9K 1.2K 283
                                    

Unicode

"ဟိတ်ကောင် .."

" .... "

"ဂျွန်ဂျေ .. ဟိတ်ကောင်လို့"

အိပ်ပျော်နေတဲ့သားရဲ့ဘေးကနေ တိုးတိုးလေး မနိုးမချင်း လာကပ်နှိုးနေတာမို့ ထယ်ယောင်း မနေသာတော့။

"ဂျေ .. သား အိပ်ပျော်နေတယ်လေ"

"ဒီချိန်က အိပ်ရမယ့်အချိန်မှ မဟုတ်တာ"

"ဒါပေမယ့် ကလေးတွေက အိပ်ချိန်ပိုလိုအပ်တယ်လေ ဂျေရယ်"

ထယ်ယောင်းပြောလိုက်တော့ သူ နည်းနည်း ငြိမ်ကျသွားသည် .. သားကို ဆက်မနှိုးတော့။

သို့သော် သူ့မှာ မကျေနပ်နိုင်သေး .. သားဘေးမှာ လှဲအိပ်လိုက်ပြီး မျက်မှောင်ကြီးကုတ်ကာဖြင့်။

"ဒီကောင်ကလဲ ဒီချိန်မှ လာအိပ်နေတယ်"

"ဘာလို့လဲ ဂျေရဲ့ .. အိပ်ပါစေ .. နေ့လည်နေခင်း အိပ်ကျင့်ရှိတော့ ကောင်းတာပေါ့"

"ပြီးတာပဲ .. ခင်ဗျား ကောင်းရင် ပြီးတာပဲ"

ဘာမှလဲ မဆိုင်ပဲ ထယ်ယောင်းကိုပါ မကျေနပ်သလို ခပ်ရွဲ့ရွဲ့ပြောသည်။

သူ ဘာလို့ ဒီလိုဖြစ်နေတာပါလိမ့် .. နားမလည်နိုင်ပေမယ့် အမြဲလိုလို ဂျစ်တိုက်နေတာဆိုတော့ မမေးဖြစ်တော့ပဲ သားနိုးလာရင် စားဖို့ အသီးတချို့ပြင်ဆင်ပေးမလို့ အခန်းထဲက အထွက်။

"ကျစ် .. Gangnam ဘက်မှာ ကစားကွင်းအသစ်ဖွင့်ပါတယ်ဆိုနေ"

"ဟမ် .. ဘာရယ်"

သူ့ဟာသူ မကျေမနပ် တ်ိုးတိုးရေရွတ်ပေမယ့် ထယ်ယောင်း ကြားဖြစ်အောင်ကြားသွားကာ ပြန်မေးတော့ ..

"ဘာမှမဟုတ်ဘူး .. ဘာမှမဖြစ်ဘူး"

အလိုမကျစွာ စောင့်အောင့်ပြောပြီး ချက်ချင်းပဲ မျက်နှာကို စူပုတ်ကာ ဟိုဘက်လှည့်သွားသည်။

"အခု သားကို နှိုးနေတာ အဲ့ဒါကြောင့်လား"

အံ့ဩလွန်းလို့ မေးမိသည်အထိ။ အံ့ဩလဲ အံ့ဩချင်စရာပဲလေ။

ကစားကွင်းအသစ်ဖွင့်တဲ့အကြောင်းပြချဖြင့် အိပ်ပျော်နေတဲ့ သားကို မနိုးမချင်းတက်တက်ကြွကြွနှိုးနေတဲ့ အဖေက လောကမှာ သူ တစ်ယောက်ပဲ ရှိမယ်ထင်။

CREATOR OF JWhere stories live. Discover now