Part 10

3.5K 580 101
                                    

Unicode

"ဒယ်ဒီ .. ပါ့ပါးကို ခေါ်လိုက်မယ်လေ"

"ဟိတ်ကောင် .. ရတယ်လို့ .. လာစမ်းပါ"

ဘွားကို မနက်စောစော ခြံထဲမှာ ပန်းစိုက်တာ ကူပေးပြီး ကိုယ်လက်ပြန်သန့်စင်ဖို့ နောက်ဖေးခန်းဆီ လျှောက်လာတုန်း နောက်ဖေးခန်းကနေ ထွက်လာတာက ဟိုသားအဖနှစ်ယောက်အသံ။

"နိုးနေကြပြီပဲ .."

မနိုးလောက်သေးဘူးထင်နေတာ .. နာရီကိုကြည့်တော့ မနက် ၉ နာရီကျော်ပြီဆိုတော့ နိုးနေကြပြီကိုး ..။

"ဒယ်ဒီ .. မရဝူးထင်တယ်လို့"

"ဟိတ်ကောင် .. ငါက မင်းအဖေပါကွာ"

ထုံးစံအတိုင်း ဘာက်ို အခြေတင်ဖြစ်နေကြပြန်ပြီလဲ ဒီသားအဖ။ အပြန်အလှန်ငြင်းဆိုသံတွေပြီးတော့ တိတ်သွားတာမို့ ထယ်ယောင်း အသာချောင်းကြည့်လိုက်လျှင် ..

"ဘုရားရေ .."

ဘုရားတောင် တ မိလောက်တဲ့ မြင်ကွင်း။

ရေသန့်ဘူးကြီးကို ဂျေက မ ထားပြီး ဂျွန်ဂျေ့ကို တိုက်နေတာတဲ့ .. ဂျွန်ဂျေ့ပါးစပ်သေးသေးလေးထက် ရေဘူးအဝက ကျယ်တော့ စီးကျနေတာ ရေချိုးထားသလိုပဲ။

ပြီးတော့ သားအဖနှစ်ယောက်လုံး အပေါ်အင်္ကျီမပါ ..။

"ဟေ့ .. ဒါက ဘာဖြစ်နေကြတာလဲ"

ထယ်ယောင်း အလန့်တကြားအော်မေးလိုက်တော့ သူက လှည့်ကြည့်ပြီး ဘာမှမဖြစ်သလိုနှင့် ..

"အော် .. ဒီကောင် ရေဆာတယ်ဆိုလို့လေ"

"ဟား .. အဲ့ဒါ ရေခွက်နဲ့ တိုက်လေ .. ဘယ့်နှယ့်ရေသန့်ဘူးကြီးပါ မ ပြီး တိုက်တာလဲ ဂျေရာ"

"ဒီကောင် ရေများများသောက်လို့ရအောင်လို့ပေါ့ကွာ .. ပြီးတော့ ရေခွက်လဲ မတွေ့တော့"

"ဒါနဲ့များ ဂျေရယ် ငါ့ကို ခေါ်လိုက်ရောပေါ့ .. သားကို ကြည့်ဦး ရေတွေစိုရွှဲနေတာပဲ .. အဲ့လိုနဲ့ အအေးပတ်ကုန်တော့မယ် .. င်္အကျီရော ဘာကိစ္စမပါရတာလဲ .. ဒီလောက် ရာသီဥတုအေးနေတာတောင်"

ထယ်ယောင်း ပြောပြောဆိုဆိုနှင့် အပေါ်ဝတ်ကို ချွတ်ပြီး သားကို ခြုံပေးကာ ချီပွေ့လိုက်တော့ သူက ..

CREATOR OF JWhere stories live. Discover now