Part 3

8.5K 852 253
                                    

Unicode

"ဒါဆို မနက်ဖြန် အစည်းဝေးက ဘယ်ချိန်ဖြစ်သွားပြီလဲ"

"ပါ့ပါး .."

"အော် .. ဟုတ်ကဲ့ သိပြီ .. လိုအပ်တဲ့ အချက် .."

"ပါ့ပါး .. ပါ့ပါးလို့"

အလုပ်လုပ်နေတုန်း တကျော်ကျော် ထယ်ယောင်းလက်ကို လာဆွဲကာ ခေါ်နေတဲ့ ဂျွန်ဂျေ။

"မန်နေဂျာကြီး .. ခဏနော်"

ဖုန်းကို လက်နှင့်ကွယ်လိုက်ပြီး သားဘက်လှည့်ကာ ..

"သားလေး ပြော .. ဘာပြောချင်လို့လဲ"

"ဒန်းသွန်းချင်ရို့"

"ဟမ် .. ဘာရယ်"

"ဒန်းသွန်းချင်ရို့ ပါ့ပါးကလဲ"

မပီကလာ ပီကလာဖြင့် ဘာပြောမှန်းမသိတာကြောင့် ဒီဘက်အလုပ်ဖုန်းကို လက်စဖြတ်မှ ရတော့မည်။

"အင်း အင်း သားလေး ခဏလေးနော်"

ဇွတ်ခေါ်နေတာမို့ ခဏလေးစောင့်ဖို့ ပြန်ပြောရသေးသည်။ အရေးပေးမှ .. မပေးရင် ကောက်တာ သူ့ဒယ်ဒီလိုပဲ။

"ဟယ်လို .. မန်နေဂျာကြီး .. ဒါဆို မနက်ဖြန် meeting အတွက် အချက်အလက်တွေ ပို့ပေးထားပါဦးနော် .. ဒါပဲနော်"

အလုပ်တွေ အမြန်လက်စသတ်ကာ ဂျွန်ဂျေ့ကို ကောက်ပွေ့လိုက်သည်။

"သား .. ခုန ဘာပြောတာလဲ .. ပြန်ပြောပါဦး"

"ဒန်းသွန်းချင်ရို့"

ထယ်ယောင်းချွေးပျံသွားသည်။ ဂျွန်ဂျေ ဘာပြောချင်နေတာပါလိမ့်။ တော်ရုံ သားရဲ့မပီကလာပီကလာစကားတွေဆို နားလည်ပေမယ့် ဒါကျ လုံးဝ နားမလည်နေပါ။

"ဟား .. ပါ့ပါးကလဲ ဒန်းသွန်းချင်ရို့ပါဆို .. ဒယ်ဒီနဲ့ ဒန်းသွန်းတာလိုမျိုး လုပ်ချင်လို့ပါဆို"

"ဒယ်ဒီနဲ့ လုပ်တာ .. ?"

ဂျေဘာတွေ သားနဲ့ လုပ်ထားပြန်ပြီလဲမသိ။ အမြဲလိုလို သားအဖနှစ်ယောက်က ဗန်းစကားအသစ်တွေ ကစားနည်းအသစ်တွေဆိုတော့ ထယ်ယောင်းမှာ မနည်းလိုက်မှီအောင် လိုက်ရတာ။

ခုလည်း စကားလုံးအသစ်ကို ထယ်ယောင်း နားမလည်လေတော့ သားက လူပေါ်က အတင်းဆင်းပြီး ထယ်ယောင်းလက်ကို ဆွဲခေါ်သည်။

CREATOR OF JWhere stories live. Discover now