Part 6

7.2K 762 143
                                    

Unicode

"မောင် လုပ်လိုက်မယ်"

"ရပါတယ်"

"မောင် လုပ်လိုက်မယ်လို့ အချစ်ရဲ့"

"ရပါတယ်ဆို .. မင်း အခုမှ ပြန်လာတာကို"

"မောင်ပြောနေတယ် .. မောင် လုပ်မယ်လို့"

မာမာတင်းတင်းလေသံနှင့်အတူ ထယ်ယောင်း တစ်ကိုယ်လုံးကို ပွေ့ချီကာ မီးဖိုခုံပေါ် တင်လိုက်ရင်း ..

"ခင်ဗျားက ဒီလိုပဲ .. မောင့်ကို ထိုင်ကြည့်နေ"

မျက်လုံးလေး တစ်ဖက်မှိတ်ပြပြီး သူ့ရဲ့ရှပ်အင်္ကျီကို တံတောင်ဆစ်ထိ ဆွဲတင်ကာ စားပြီးသား ပန်းကန်များကို ဆေးရန်ပြင်သည်။

"ဂျေရယ် .. မင်း ပင်ပန်းနေတာကို"

"ခင်ဗျား ပင်ပန်းမှာကို ကြည့်ရတာက မောင့်အတွက် ပိုပင်ပန်းတယ်"

အိမ်ထောင်သက်တွေကဖြင့် ကြာနေပြီ .. သားတစ်ယောက်လည်း ရနေပြီ .. သူ အခုထိ ဒီလို စကားလုံးမျိုးတွေနှင့် ထယ်ယောင်းကို အပီပြင် ချွေနေတုန်း ..။

"အဒေါ်ကြီးယွန်ရော သက်သာရဲ့လားမသိဘူးနော်"

"မပြောတတ်ဘူး .. အဒေါ်ကြီးလည်း မောင် ငယ်ငယ်တည်းက အိမ်မှာ အလုပ်လုပ်လာတာဆိုတော့ နားသင့်ပါပြီ"

ဒီရက်တွေထဲ အဒေါ်ကြီးယွန်က ကျန်းမာရေး ပြဿနာကြောင့် မွေးရပ်မြေပြန်သွားတော့ ထယ်ယောင်းတို့ စားရေးသောက်ရေးအပြင် အိမ်မှုကိစ္စတွေပါ ဒုက္ခများရသည်။

အဒေါ်ကြီးယွန်က ပြန်လာဖို့ မလာဖို့ မကျိန်းသေ။ အသစ်တစ်ယောက် ထပ်ခေါ်ဖို့ကျတော့လည်း ဂျေရဲ့စိတ်နဲ့ မဖြစ်ပြန်။

အဒေါ်ကြီးယွန် မရှိတဲ့ ရက်တွေ တောက်လျှောက် အိမ်အလုပ်မှန်သမျှကို ဂျေက အလုပ်တစ်ဖက်နှင့်တောင် လုပ်ပေးသည်။

ထယ်ယောင်း အတင်းယူလုပ်လည်း မရ .. သူ အလုပ်သွားတဲ့နေ့ဆို ညနေ ပြန်လာရင် အကုန်လုပ်သည်။

ထယ်ယောင်းက သူ ပင်ပန်းမှာစိုးလို့ လုပ်ထားမိရင် အလုပ်က ပြန်ရောက်ရင် ပြဿနာတက်ပြီ။

"ကင်မ်ထယ်ယောင်း .. ခင်ဗျားကို ဘာပြောထားလဲ"

"နေ့လည်က နည်းနည်းအားနေလို့ အဝတ်တွေ လျှော်လိုက်တာ"

CREATOR OF JWhere stories live. Discover now