Part 5

8.3K 796 194
                                    

Unicode

"ဂျေ .. ထတော့လေ"

" .... "

"နိုးပြီလား .. Morning  ဂျေ"

အိပ်ရာနိုးနိုးချင်း ကြားလိုက်ရတဲ့သူ့အသံ ..။

မနက်တိုင်း ဒီအသံလေးကြားပြီး နိုးလာရပေမယ့် ဒီနေ့တော့ သိပ်မတူချင်။

"ထတော့လေ .. ဖေဖေတို့ မနက်စာစားဖို့ စောင့်နေတယ်"

သူကတော့ ပုံမှန်တိုင်းပြောပေမယ့် ပုံမှန်မှ မဟုတ်နေတာ။

မနေ့ညက သူ ကိုယ့်ကို ဆက်ဆံခဲ့ပုံကို သိပ်မကျေနပ်တာကြောင့် ဟိုဘက်လှည့်လိုက်တော့ ..

"ဂျေ .. ထတော့လို့ .."

ထပ်ပြီး ကိုယ်လက်မောင်းကို ကိုင်လှုပ်လာသည်။

ကျစ် .. မလှည့်ချင်လို့ မလှည့်တာပါဆိုမှ လူကို ဘာလို့ အတင်းနှိုးဖို့ လာကြိုးစားနေတာလဲ။

"ဂျေ .. ဘာဖြစ်နေတာလဲ .. စိတ်ဆိုးနေတာလား"

စိတ်ဆိုးနေတာလားတဲ့ .. မသိရင် ဒီကောင်ကပဲ အားတိုင်းစိတ်ဆိုးနေတဲ့ကောင်လို လာပြောနေတာ။

ကြည့်ရတာ မနေ့ညက ကိစ္စကို သူ မေ့သွားပုံပဲ။

"ဂျေရယ် .. စိတ်ဆိုးရအောင် ငါတို့ အခုမှ နိုးတာလေ .. ငါတို့ မနေ့ညက ပြဿနာရှိခဲ့လို့လား"

မသိတာလား .. မသိချင်ယောင် ဆောင်တာလား ..။

ကိုယ့်ဟာကိုယ်နေရင် ဒေါသက ပြေသွားမလားမသိပေမယ့် သူ လာမေးတော့ ပိုဆိုးပြီ။

"ခင်ဗျား မနေ့ညက ကျုပ်ကို ဘယ်လိုဆက်ဆံခဲ့လဲ"

"ဟမ် .. ငါကလား"

ဟား .. အဆုံးထိ မသိချင်ယောင်လာဆောင်နေတာပဲ။

အိပ်ချောင်ယောင်ဆောင်တဲ့လူက နှိုးရခက်တယ်တဲ့ .. ။

ရတယ်လေ .. ဂျွန်ဂျောင်ဂုလိုကောင်မျိုးကလည်း အဲ့လို အိပ်ချင်ယောင်ဆောင်တဲ့လူတွေကိုမှ နှိုးပေးချင်တဲ့ကောင်။

"သေချာပြန်စဉ်းစားလေ .. ခင်ဗျား ကျုပ်ကို ဘာလုပ်ခဲ့လဲ"

"ငါ ဘာမှမလုပ်ဘူးလေ .. မလုပ်ခဲ့ပါဘူး"

CREATOR OF JWhere stories live. Discover now