Part 4

8K 832 163
                                    

Unicode

"ဒယ်ဒီ .. ဒီနေ့ သားသားတို့ aquarium သွားမှာလား"

"ဒါပေါ့ .. သွားမှာပေါ့ကွာ"

London မှာရှိတဲ့တော်တော်များများကို လည်ပတ်ပြီး နောက်ဆုံးရက်မှာတော့ ဂျွန်ဂျေ အရမ်းသွားချင်တဲ့ Plymouth က "National Marine Aquarium" သို့ သွားရန် ပြင်ဆင်နေကြသည်။

"သားငယ် .. ကားရော လာပြီလား"

"အင်း .. ခဏနေလာမှာ"

အားလုံးပြင်ဆင်ပြီး တက်ကြွနေပေမယ့် မပြီးနိုင်သေးတာကတော့ ထယ်ယောင်းသာလျှင်။

ဘာလို့ဆို ဒီနေ့က တနင်္လာနေ့ဖြစ်သည့်အလျှောက် ကုမ္မဏီမှာ အလုပ်များတဲ့ရက်ဖြစ်လေတော့ ထယ်ယောင်းဆီကို Email တွေ တောက်လျှောက်ဝင်နေတာမို့ ထိုင်စစ်နေရသည်။

"ထယ် .. သွားမယ်လေ .. သိမ်းလိုက်တော့"

"အင်း .. ခဏ .. လုပ်လက်စလေး ကျန်သေးလို့"

သူ နည်းနည်းမျက်နှာပျက်စပြုနေပြီ။ အမှန်တော့ ထယ်ယောင်းကို သွားဖို့ခေါ်နေတာ အခါခါရှိပြီ .. ထယ်ယောင်းက မထနိုင်သေးတာ။

"သိမ်းလိုက်တော့လို့ .. နောက်မှလုပ်တော့"

"ခဏလေးပဲ ဂျေ .. ခဏလေးပဲ"

သူကသာ အလောတကြီးဖြစ်နေတာ ဥက္ကဌဂျွန်နှင့် နမ်ဂျွန်းဟျောင်းတို့က အေးဆေး။

"ရပါတယ် .. ကားလဲ မလာမှ မလာသေးတာ"

နမ်ဂျွမ်းဟျောင်း ဝင်ပြောတော့ သူ တိတ်သွားပြန်သည် .. ရုပ်ကတော့ တော်တော်မကျေနပ်နေတော့။

သူ ငြူစူမှာကိုလည်းစိုးပေမယ့် အလုပ်ကလည်း လွှတ်လို့မဖြစ်သေး။ သူရော ထယ်ယောင်းရော နှစ်ယောက်စလုံးခရီးရောက်နေမှတော့ ကုမ္မဏီကို သူစိမ်းတွေနဲ့ ထားခဲ့ရတာမလား။

"ကင်မ်ထယ်ယောင်း .. မလိုက်ရင်လဲ မလိုက်နဲ့တော့"

ကားလဲလာရော သူ ဆတ်တောက်တောက်ပြောလာသည်။

"တကယ်မလိုက်လို့ရလား .. ဒီမှာ မပြီးသေးလို့"

သူပဲ မလိုက်နဲ့လို့ပြောသေးတယ် .. မလိုက်လို့ရလားဆိုတော့လည်း သူ စိတ်ဆိုးသွားသည်။

CREATOR OF JWhere stories live. Discover now