Caesar တစ်ယောက် လူငယ်တွေ အသွားများပြီး သူသွားနေကြဖြစ်တဲ့ မြို့စွန်က bar မှာပဲ သူငယ်ချင်းတွေနဲ့အတူ သောက်ပြီး ပြန်လာခဲ့သည်။ သူအခုချိန် ဘယ်သူနဲ့မှ စကားမပြောချင်။ ခေါင်းထဲလဲ ရီဝေဝေဖြစ်နေပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့။ အမူးသောက်မယ်ဆိုတဲ့ စိတ်နဲ့ သောက်ခဲ့တာကြောင့် တကယ်တမ်းလည်း ရေချိန်ကိုက်သွားခဲ့သည်။ "မောင်းရင် မမူးနဲ့၊ မူးရင် မမောင်းနဲ့" ဆိုသည့် မြို့မှ ထုတ်ထားသည့် စည်းကမ်းကြောင့် ကားမောင်းပေးတဲ့လူခေါ်ပြီး ပြန်လာခဲ့ရသည်။ ခြံရှေ့အရောက် ကားမောင်းခ ရှင်းပေးလိုက်ကာ ခြံထဲ ဝင်လာခဲ့လိုက်သည်။ ကားကတော့ မနက်ဖြန် မိုးလင်းတာနဲ့ ခြံထဲ ရောက်နေမှာ သိတာကြောင့် တွေးပူမနေတော့။
အိမ်ထဲ ဝင်လာတော့ အရင်နေ့တွေလို မဟုတ်ဘဲ ခြောက်ကပ်နေတာကလွဲပြီး ဘာမှမရှိ။ အင်းပေါ့ ဘယ်ရှိမလဲ။ သူ့ကို ဂရုမစိုက်တဲ့ လူကြီးက ခရီးသွားနေတာကိုး။ သူလဲ အများကြီး မတွေးချင်တော့။ ကိုယ့်ကို ဂရုမစိုက်တဲ့လူကို သူကရော တွေးပေးစရာအကြောင်းမှ မရှိတာ! အပေါ်ထပ်တက်ပြီး သူ့အခန်းထဲ တန်းဝင်ကာ အိပ်လိုက်တော့သည်။
မနက်နိုးလာတော့ ဆယ်နာရီကျော်နေပြီ။ ကျောင်းပိတ်ရက် ဖြစ်သော်လည်း ထပ်မအိပ်ချင်တော့တာကြောင့် ညထဲက ဝတ်စားထားပြီး အရက်နံ့ထွက်နေသည့် အဝတ်အစားတွေကို ချွတ်လိုက်တာ စိမ်ပြေနပြေ ရေမိုးချိုးပြီး အစာပြေစားရန် အောက်ဆင်းလာလိုက်တော့သည်။
လှေကားပေါ်ကနေ အမြန်ပြေးဆင်းရင်း ဒီနေ့ ဘာလုပ်ရမလဲဆိုတာကို ခေါင်းထဲ အစီအစဉ် ဆွဲနေမိသည်။ Caesar က တစ်နေ့တာကို အစီအစဉ်ချပြီး ဟန်ချက်ညီအောင် ဖြတ်သန်းရတာ ကြိုက်သည်။ တနင်္ဂနွေနေ့က လွဲလို့ပေါ့။ တနင်္ဂနွေနေ့တိုင်း စိတ်ကြိုက် နေထိုင်ပြီး လုပ်ချင်တာလုပ်သည်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ မရောက်ဖူးတဲ့နေရာတွေ လျှောက်လည်သည်။ အင်း... များသောအားဖြင့်တော့ ဟိုလူကြီးနဲ့ အချိန်ဖြုန်းတာပေါ့။
Dining room ထဲ ရောက်ခါနီး သူ ရင်းနှီးနေကြ ရေမွှေးနံ့ကို ရလိုက်သည်။ မျှော်လင့်စိတ်လေး နည်းနည်းဖြစ်မိပေမဲ့ သူ့ဟာသူ ကယောင်ချောက်ချားဖြစ်တယ်ထင်ပြီး အာရုံမစိုက်ဘဲနေကာ ဆက်လျှောက်မယ်အလုပ်...
YOU ARE READING
One Shots (Punishment type)
RandomPlease check out the tags before you start reading. I only write for fun.