Zen တစ်ယောက် သူ့အိမ်က သီးသန့်စာလုပ်တဲ့ အခန်းထဲမှာ သူ့အား စာပြပေးသည့် ဆရာ တစ်နည်းအားဖြင့် သူ့ tutor ဆိုသူနှင့် ပိတ်မိသလို ခံစားနေရပြီး ချွေးပြန်နေသည်။
အနှုတ်ပြနေသည့် Chicago ရဲ့ ဆောင်းရာသီမှာ ချွေးပြန်နေတာ သူသာ ရှိလိမ့်မည်။
မပြန်လို့လဲ မရ။ Chinese American လူမျိုးစပ်ဖြစ်သည့်အလျှောက် တရုတ်လူမျိုးဖြစ်သည့် သူ့ဖခင်က သားဖြစ်သူအတွက် အရမ်းလောဘကြီးသည်။ ပညာရေးမှာ ထိပ်တန်းရောက်နေအောင်ဆိုကာ ပိုက်ဆံအား မနှမြောဘဲ သူ့ပညာသင်စရိတ်အတွက် တအားသုံးသည်။ ကျောင်းအပြင် ကျန်တဲ့အချိန်တွေမှာလည်း tutor တွေခေါ်ကာ ရှေ့ရောက်နေအောင် သင်ခိုင်းသည်။ စာမသင်ရဘဲ အားနေတဲ့အချိန်တွေမှာဆို အနုပညာ မဟုတ်ရင် အားကစားတစ်ခုခု လုပ်နေရသည်။
Zen အနေနဲ့တော့ စာအပေါ် တအားကြီး စိတ်မပါလှသော်လည်း သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေက တစ်ခါတလေကျရင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေတတ်သည်။ အလုပ်တအားလုပ်သည့် ဖခင်ဖြစ်သူက စည်းစနစ်ကျလှသည့်အပြင် သားဖြစ်သူ သူ့အားလည်း သိတတ်စအရွယ်ကတည်းက သူ ဘယ်လိုကြိုးစားခဲ့လို့ ဒီလိုအေးအေးဆေးဆေး နေနေရကြောင်း၊ ဆယ်ကျော်သက်အရွယ်ထဲက ဘယ်လိုအလုပ်လုပ်ခဲ့ကြောင်း ပြောလေ့ရှိသည်။ မိခင်ဖြစ်သူကတော့ သူ့အဖေလောက် မတွန်းတာကြောင့် နေသာသေးသည်။
သူ့အခြေအနေကို ဆက်ရမည်ဆိုပါက မနေ့ညက ဂိမ်းဆော့ကောင်းပြီး စာကျက်ဖို့ မေ့နေခဲ့သည့် အကျိုးဆက်ကို အခု ခံစားနေရလေပြီ။ ဇိမ်ပြေနပြေ စာကျက်မည်ဟုဆိုကာ စာအုပ်တွေအား အိပ်ရာပေါ်ထိ ယူလာခဲ့ပြီး ငါးမိနစ်လောက် ကျက်နေလိုက်သည်။ ထို့နောက် ခဏလောက် ဖုန်းဖွင့်လိုက်တာက သူ့အသိစိတ်က စာကျက်တာကနေ card ဆော့သည့်ထံသို့ ရောက်သွားလေသည်။ random players တွေနဲ့ ချိတ်ပေးသည့် ဂိမ်းဖြစ်တာကြောင့် ပထမပွဲမှာ တူတူဆော့ရင်း နိုင်သွားသည့် သူ့အသစ်ဆက်ဆက် ကစားဖော်က နောက်ပွဲတွေ ဆက်ဆော့ဖို့ invite လုပ်ခဲ့တယ်လေ! အဲဒါနဲ့ သူလည်း တစ်ပွဲပြီး တစ်ပွဲ ဆော့ဖြစ်သွားသည်။ ရှုံးပွဲနည်းပြီး ဆက်တိုက်နိုင်နေတာက များတာမို့ အပျော်ကြီး ပျော်နေခဲ့သည်။
YOU ARE READING
One Shots (Punishment type)
RandomPlease check out the tags before you start reading. I only write for fun.