"Boss. club မှာ ရန်ဖြစ်နေတယ်လို့ သတင်း ရထားပါတယ်"
"ဘယ် club လဲ"
"Sapphire Lounge မှာပါ၊ ကျွန်တော်..."
"လုံခြုံရေးတွေကရော ဘာလုပ်နေလို့လဲ၊ အောက်ခြေက ကိစ္စသေးသေးလေးကို ကိုယ့်ကို လာပြောဖို့ လိုသေးလို့လား၊ မင်း ကြည့်ရှင်းလိုက် Jack"
"ဟုတ်ကဲ့၊ ကျွန်တော် သွားရှင်းလိုက်ပါမယ်။ ဝင်ဆွဲတဲ့ လုံခြုံရေးတစ်ယောက်လည်း ခေါင်းရိုက်ခံလိုက်ရတယ်လို့ ပြောပါတယ်"
"ကျစ်! ဒီကိုပြ"
Jack မှ သူ့အား ကမ်းလာသည့် tablet ရဲ့ screen ထက်မှာ club အတွင်း သောင်းကျန်းနေသည့် အုပ်စုနှစ်စုကို တွေ့သောအခါ Edric ဒေါသ ထောင်းခနဲ ထသွားရသည်။ သူ ပိုင်တဲ့နေရာတွေမှာ သောက်ပြဿနာ လာရှာတာမျိုးတွေကို သဘောမကျ။ အတိုင်ခံရရင်လည်း နောက်နေ့ ဘာမဟုတ်တဲ့ ရဲတွေက ရောက်ရောက်လာတတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် Monday ဖြစ်လို့ အလုပ်ပိပြီး စိတ်ရှုပ်နေတော့ ရန်ဖြစ်နေတဲ့ ဆန်ကုန်မြေလေးတွေကို ကုတ်ကနေကိုင်ပြီး ချေမွပစ်လိုက်ချင်သည်။
Jack ကို အကြည့်တစ်ချက်ပေးလိုက်တော့ သူ့အကြည့်ကို နားလည်သူက ခေါင်းငုံ့သွားသည်။ Jack က Edric ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်ပြီး သူ့မှာ သီးသန့်တာဝန်တွေရှိသည်။
Necktie ကို မွန်းကြပ်လို့ ခပ်လျော့လျော့ဖြစ်အောင် ဖြေလိုက်ပြီး ဆုံလည်ကုလားထိုင်ပေါ် ကျောမှီချလိုက်ကာ မျက်လုံးအစုံကို ခဏအနားပေးလိုက်သည်။ ထို့နောက်..
"Sapphire Lounge ကိုသွားမယ်၊ ကားထုတ်ထား"
"ဟုတ်ကဲ့ Boss"
ရှေ့မှ အရင်ထွက်သွားသည့်သူကို ကြည့်ပြီး Edric လည်း coat stand မှ ချိတ်ထားသည့် coat ကို ယူကာ ထွက်လာလိုက်သည်။ သူ ထွက်လာတာ မြင်တာနဲ့ တံခါးအဆင်သင့် ဖွင့်ပေးလာသည်။ ထို့နောက် ဒီညရဲ့ တည်နေရာသည် သူ သွားမစစ်ဖြစ်တာ နည်းနည်းကြာနေပြီဖြစ်သည့် သူ့အပိုင် nightclubs တွေထဲကတစ်ခုဖြစ်သည့် Sapphire Lounge ဖြစ်သည်။
xxx
Sapphire Lounge ဟု အမည်ရသည့် အဆောက်အဦးရှေ့ ကားထိုးရပ်လိုက်သည်နှင့် သူ့ကားမှန်းသိသည့် ဝန်ထမ်းက ပြေးကြိုသည်။
YOU ARE READING
One Shots (Punishment type)
RandomPlease check out the tags before you start reading. I only write for fun.