ဩရရဲ့ မိုးသောက် [1]

1.8K 92 9
                                    

မိုးရာသီဖြစ်သည့်အလျှောက် ကျောင်းဝန်းတစ်ခုလုံး မိုးဖြိုင်ဖြိုင်ကျလျက်ရှိသည်။ အဆက်မပြတ် ရွာသွန်းနေသော မိုးနှင့်အပြိုင် ကျောင်းတွင်းစိုက်ထားသည့် နှစ်ရှည်ပင်များကလည်း စိမ်းလန်းလျက်ရှိသည်။

အချိန်အားဖြင့် မနက် ၈ နာရီဝန်းကျင်။ ကျောင်းဝင်ပေါက် နှစ်ဖက်စလုံးတွင် ကျောင်းသို့လာသော ကျောင်းသား၊ကျောင်းသူများအပြင် လိုက်ပို့သော မိဘများ၏ ဆိုင်ကယ်၊ကားတို့အပြင် အဖွဲ့လိုက်လာကြသော သုံးဘီးယာဉ်တို့နှင့်ပါ ရှုပ်ယှက်ခတ်လျက်ရှိသည်။

မိုးသောက်ကို ဆိုသည့် စတုတ္ထတန်း ကျောင်းသားလေးကတော့ တခြားသော ကျောင်းသားများနဲ့မတူ အကာအရံနဲ့တူတာဆိုလို့ ဘာတစ်ခုမှ မပါဘဲ ကျောင်းဝင်ပေါက်ကနေတဆင့် စာသင်ခန်းရှိရာသို့ ပြေးသွားသည်။ စာသင်ခန်းတွင်းသို့ ရောက်မှသာ သက်ပြင်းချနိုင်တော့သည်။

မိုးသောက်၏ စတုတ္ထတန်း တည်ရှိရာ စံပယ်ဆောင်သည် ကျောင်းဝင်ပေါက်နှင့် အနီးဆုံးတွင်ဖြစ်ပြီး သူ့အခန်းသည် Grade 5 C ခန်းဖြစ်သည်။ စံပယ်ဆောင်မှ လှမ်းမြင်ရသော  နှစ်ထပ်ဆောင်သည် သစ္စာဆောင်ဖြစ်လေရာ ထိုအဆောင်တွင် Grade 9 ကျောင်းသားများနှင့် အပေါ်ထပ်တွင် အစည်းအဝေး၊ ဆုပေးပွဲစသဖြင့် ပွဲများလုပ်သော ဟောခန်းရှိသည်။

မိုးစိုသွားသော အင်္ကျီအဖြူလေးကို သေချာသုတ်ရသည်။ တစ်နှစ်ပတ်လုံး ကျောင်းအင်္ကျီသုံးထည်ကို စွဲဝတ်ရမှာမို့ ဖားဥတက်လို့ မဖြစ်ပေ။

အတန်းရဲ့ နောက်ဆုံးခုံမှာထိုင်ရင်း ကျောင်းတွင်း ဝင်လာသော ကျောင်းသားတွေကို ကြည့်လိုက်တော့ သူနဲ့မတူစွာပင် ဝတ်ထားသည့် ယူနီဖောင်းတွေက သစ်လွင်နေကာ လက်ထဲတွင်လည်း ထမင်းစားဆင်းချိန်စားရန် ထမင်းချိုင့်ကိုယ်စီပါကြသည်။ ကျောင်းထဲ မဝင်ခင် လိုက်ပို့သည့် မိဘတွေကို လက်ပြနှုတ်ဆက်နေသူတွေကို ကြည့်မိတော့ ရင်နာနာနဲ့ ပြုံးမိသည်။

သူလား။ သူက တစ်ကောင်ကြွက်။ မိဘနှစ်ပါးလုံးက ငယ်ငယ်ထဲက ဆုံးသွားသည်။ အမေဖြစ်သူ အရင်ဆုံးပြီး အဖေဖြစ်သူသည်လည်း အရက်သမားလုံးလုံးဖြစ်ကာ အသည်းကင်ဆာနဲ့တင် ဆုံးသည်။ မိုးသောက်အား အဖွားဖြစ်သူက ငယ်စဉ်ကတည်းက အလုပ်လုပ်ပြီး ပြုစုစောင့်ရှောက်ကာ ကျောင်းထားပေးလို့သာ စတုတ္ထတန်းသို့ ရောက်လာတာဖြစ်သည်။

One Shots (Punishment type)Where stories live. Discover now